အောက်တိုဘာ ၁၄၊ ၂၀၂၄
Shy V (VOM)
လ ချီ တိုက်ပွဲ ဖြစ်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့ကို အောက်တိုဘာ ၁၃ ရက်နေ့က အလုံးစုံ ထိန်းချုပ်လိုက်တယ်လို့ ဒေသခံတွဆီက သိရပါတယ်။
“သီပေါကို အလုံးစုံ သိမ်းပိုက်နိုင်ပြီလို့ သိရတယ်။ နောက်ဆုံး နစက တပ်ကျန် တခုဖြစ်တဲ့ ခလရ – ၂၃ ကို အပြီးသတ်သိမ်းပိုက်လိုက်တာ။ လေ ကြောင်းရန်ကိုတော့ သတိထားကြဖို့ လိုတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
သီပေါမြို့ အခြေစိုက် ခလရ – ၂၃ တပ်ရင်း ဌာနချုပ်ကို TNLA ဦးဆောင်တဲ့ တော်လှန်ရေး တပ်ဖွဲ့ တွေက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး သီပေါမြို့ကိုပါ ထိန်းချုပ်လိုက်တာလို့ ပြောလို့ဪတယ်လို့ သုက ပြောပါတယ်။
“သီပေါမြို့ အလုံးစုံ ကျပြီ။ မနေ့ကတည်းက နောင်တော်ကြီးဘက် ဆုတ်ကြတာပါ။ ခမရ – ၅၀၃၊ ခမရ – ၅၀၄၊ ခလရ -၂၃ စုပေါင်းတပ်တွေရော ခလရ -၂၃ ကျပြီလို့ ပြောလို့ရတယ်။ ရန်သူစီးမိထားတယ်။” လို့ နစက တပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
ညှိပြီး ထွက်ခွာသွားကြတာလို့ ကြားရပြီး ခလရ -၂၃ ရန်သူ့ လက်အောက် ကျရောက်ပြီးနောက် တပ်ဆုတ်သွားကြတဲ့ စစ်ကြောင်းတွေနောက်တော့ ရန်သူက လိုက်မလာတော့ဘူးလို့ သူက ပြောပါတယ်။
နစက တပ်ဖွဲ့ဘက်က လက်နက်ချ တာမျိုးမဟုတ်ပဲ နစက တပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင် တွေ၊ မိသားစုဝင်တွေ ဒဏ်ရာရပါ မကျန် ဆုတ်ခွာလာနိုင်ခဲ့တာမျိုးရှိတယ်လို့ သူကဆိုပါတယ်။
သီပေါ ကျသွားရင် တောင်ခမ်းဘက် တိုက်ပွဲ ပိုပြင်းထန်လာ နိုင်တယ်လို့ ဒေသခံတွက ပြောပါတယ်။
သီပေါကျသွားတာနဲ့ ပတ်သက်ပြီး နစကဘက်ကလည်း ထုတ်ပြန်စာ ထုတ်ထားတာမျိုး မတွေ့သလို TNLA ဘက်ကလည်း သတင်း ထုတ်ထားတာမျိုးလည်း မတွေ့သေးပါဘူး။
သီပေါမှာတာ့ မြောက်ပိုင်း မဟာမိတ်ညီနာင်ရဲ့ ၁၀၂၇ စစ်ဆင်ရး ဒုတိယ အပိုင်း စတင်ချိန် ဇူလိုင်လ ၂၅ ရက်နေ့ကစ နစက တပ်ဖွဲ့နဲ့ TNLA နဲ့ ပူးေပါင်း တပ်ဖွဲ့ တို့အကြား စစ်ရေး တင်းမာလာခဲ့ပြီး အခု အောက်တိုဘာလ မှာ တိုက်ပွဲ ပိုပြင်းထန်လာတာလို့ ဒေသခံေတွက ပြောပါတယ်။
Photo:CJ
Related posts
-
ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို ယူကရိန်းဖမ်းဆီးရမိ
ကိဗ်ယက်၊ ဇန်နဝါရီ-၁၂-၂၀၂၅ မျိုးဆက်(VOM) ရုရှားနိုင်ငံကာ့စ်ဒေသမှာ ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ယူကရိန်းသမ္မတ... -
ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာ
ဇန်နဝါရီ ၁၂ – ၂၀၂၅SS (VOM)ပြည်တွင်းက ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ... -
ရန်ကုန်မှာ ကလေး၊ သက်ကြီး၊ ကိုယ်ဝန်ဆောင်နဲ့ မသန်စွမ်းတွေကို ထောက်ပံ့ကြေးပေးဖို့ စာရင်းကောက်နေ
ဇန်နဝါရီ ၁၀ – ၂၀၂၅KKO(VOM)ရန်ကုန်တိုင်းအတွင်းက မြို့နယ်/ရပ်ကွက်အချို့မှာ ထောက်ပံ့ကြေးငွေ ပေးအပ်ဖို့ စာရင်းကောက်ယူမှု တွေရှိနေတယ်လို့...