အောက်တိုဘာ ၂၆၊ ၂၀၂၄
Shy V VOM
တရုတ် – မြန်မာ နယ်စပ်၊ မူဆယ် ကနေ နမ့်ခမ်းဘက် အထွက် ပန်ခမ်း တံတားမှာ ကုန်စည်တင်ကား တွေကို အောက်တိုဘာလ ၂၆ ရက်နေ့ မနက်ကစဖြတ်သန်းခွင့်ပိတ် လိုက်ကြာင်း ဒေသခံတွဆီက သိရပါတယ်။
“ ပန်ခမ်း တံတားကနေ ပစ္စည်းတင်ထားတဲ့ ကားတွေပေးမဖြတ် တော့ဘူး။ ဒီမနက် က စ ပိတ်တာ။ မနေ့ ညနေပိုင်းတော့ ပေးဖြတ်သေးတယ် ပြောတာပဲ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ထောက်ပို့ လုပ်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်လိုက်တာလို့ ကြားရမယ့် အတိအကျတာ့ မသိရဘူးလို့ သူက ပြောပါတယ်။
“မန့်ဝိန်းပေါက်ကနေလည်း အခုလောလောဆယ် ထွက်လို့ မရဘူး။ ဟိုမှာလေ ကားတွ တန်းစီနေတာ” လို့ ကုန်သည် တယောက်က ပြောပါတယ်။
ကုန်တွေကို ပန်ခမ်းတံတား ပေး မဖြတ်တာကြောင့် လောေလာဆယ် မူဆယ်မှာပဲ ထားထား ရဝယ်လို့ သူက ပြောပါတယ်။
တရုတ် ဘက်ကတော့ ဗဟို အဆင့် စစ်ဆေးရေး တွေ ဆင်းနေတာကြာင့် လတ်တလော မူဆယ် – ကျာ်ဂေါင် နယ်စပ် ဂိတ် တွေကို စစ်ဆေးရေးတင်းကြပ်ထားပြီး ရက်ပေါင်း ၂၀ လောက်ကြာမယ်လို့ သိရေကြာင်း နယ်စပ် ဝင်ထွက်နေသူတွက ပြောပါတယ်။
Photo Crd# ဒေသခံ
Related posts
-
အပစ်ရပ်ရေး ဒုတိယနေ့မှာ ဂါဇာအတွက် အကူအညီပေးရေးယာဉ် အစီး ၉၀၀ ကျော်ဝင်ရောက်
ဂါဇာစီးတီး၊ ဇန်နဝါရီ-၂၁-၂၀၂၅ မျိုးဆက်(VOM) အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ၁၅ လကြာစစ်ပွဲ အပစ်အခတ်ရပ်စဲရေး ဒုတိယမြောက်နေ့မှာ... -
ကျိုင်းတုံ အိမ်မီးလောင်မှု အိမ်ရှင်အမျိုးသားမီးလောင်သေဆုံး
ဇန်နဝါရီ ၂၁ – ၂၀၂၅ GG (VOM) ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ အမှတ်(၅)... -
နောင်ချိုမှာလေကြောင်းတိုက်ခိုက်ခံရ နှစ်ယောက်သေ တယောက်ထက်မနည်းဒဏ်ရာရ
ဇန်နဝါရီ ၂၁ – ၂၀၂၅ CC (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့နယ်ကို...