နိုဝင်ဘာ ၄၊ ၂၀၂၄
Shy V (VOM)
တရုတ် – မြန်မာ နယ်စပ်၊ ကချင်ပြည်နယ် အထူးဒေသ ၁၊ ဖီမော နယ်စပ်ရွာကို ကေအိုင်အေနဲ့ ပူးပေါင်းတပ်ဖွဲ့ ထိန်းချုပ်လိုက်ကြောင်း သတင်း ထွက်ပေါ်ပြီးနောက် နိုဝင်ဘာလ ၃ ရက်နေ့ည ၁၂ နာရီကစ နယ်စပ်ဂိတ်ကို ယာယီ ပိတ်ထားကြောင်း တရုတ်ဘက်က ထုတ်ပြန် ထားပါတယ်။
ဖီမော – လူရွှင့် နယ်စပ်ဂိတ် ကနေ ခရီးသည်နဲ့ ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းတွေကို ဆိုင်းငံ့ထားကြောင်း၊ နယ်စပ်ဂိတ်ရဲ့ အခြေခံ အဆောက်အဦးတွေ နဲ့ စစ်ဆေးရေး မြှင့်တင်ရန်လိုအပ်ခြင်းကြောင့် နိုဝင်ဘာလ ၃ ရက်နေ့ ည ၁၂ နာရီကစ ဆိုင်းငံ့ထားကြောင်း လူရွှင့် နယ်စပ် ပြည်သူ့ အစိုးရရုံးကနေ အသိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။
နယ်ခြားစောင့်တပ်တွေ စခန်းချ ထားတဲ့ ဖီမော ကို နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၆ နာရီခွဲခန့်က ကေအိုင်အေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ် လိုက်ကြောင်း ဒေသခံတွေဆီက ပြောပါတယ်။
“တရုတ်နယ်စပ်ဂိတ် ရှိရာ ဖီမောကို နိုဝင်ဘာလ ၂ ရက်နေ့ည ကတည်းက ကေအိုင်အေနဲ့ ပူးပေါင်း အဖွဲ့တွေ စဝင်နေပြီ။ နိုဝင်ဘာလ ၃ ရက်နေ့မနက်တော့ အားလုံး ထိန်းလိုက်တယ်လို့ သိရတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
နစက တပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်ကတော့ ဖီမော ဘက် နံ နယ်ခြားစောင့်တပ် ၁၀၀၁ ဘက်တော့ ကေအိုင်အေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ စီးမိသွားလို့ နစကတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေ တပ်ဆုတ်ထားရတယ်လို့ ပြောပါတယ်။
နစက တပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကတော့ ဖီမောအနီးရှိ ထန်းဒုန် မှာ စုဖွဲ့ပြီး ခံစစ်ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲ ဝန်းကျင်ခန့်က နယ်ခြားမှတ်တိုင် ၇ မှာ အခြေစိုက်ထားတဲ့ ခလ၇ ၂၉၈ နစက တပ်စခန်း လက်အောက်ခံ ကာကင်းစခန်း တခုကိုလည်း ထိန်းချုပ် လိုက်ကြောင်း ဒေသအခြေစိုက် The Kachin Net သတင်းမှာ ဖော်ပြထားပါတယ်။
ခလရ ၂၉၈ လက်အောက်ခံ လဂွေ ကျောင်းကုန်းစခန်းကိုတော့ နိုဝင်ဘာလ ၁ ရက်နေ့က ထိန်းချုပ် လိုက်တာဖြစ်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ် တပ်ရင်းဌာနစခန်း အဟောင်း ကို ထိန်းချုပ်ခဲ့တယ်လို့ ဆိုပါတယ်။
Photo Crd# The Kachin Net
Related posts
-
ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို ယူကရိန်းဖမ်းဆီးရမိ
ကိဗ်ယက်၊ ဇန်နဝါရီ-၁၂-၂၀၂၅ မျိုးဆက်(VOM) ရုရှားနိုင်ငံကာ့စ်ဒေသမှာ ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ယူကရိန်းသမ္မတ... -
ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာ
ဇန်နဝါရီ ၁၂ – ၂၀၂၅SS (VOM)ပြည်တွင်းက ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ... -
ရန်ကုန်မှာ ကလေး၊ သက်ကြီး၊ ကိုယ်ဝန်ဆောင်နဲ့ မသန်စွမ်းတွေကို ထောက်ပံ့ကြေးပေးဖို့ စာရင်းကောက်နေ
ဇန်နဝါရီ ၁၀ – ၂၀၂၅KKO(VOM)ရန်ကုန်တိုင်းအတွင်းက မြို့နယ်/ရပ်ကွက်အချို့မှာ ထောက်ပံ့ကြေးငွေ ပေးအပ်ဖို့ စာရင်းကောက်ယူမှု တွေရှိနေတယ်လို့...