တဲလ်အဗစ်၊ နိုဝင်ဘာ-၁၁-၂၀၂၄
ရတီ(VOM)
အစ္စရေး အစိုးရဟာ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့နဲ့ ယာယီအပစ်ရပ်ဖို့ စဉ်းစားနေကြောင်း အစ္စရေးအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။
လက်ဘနွန်မှာ တိုက်ပွဲတွေ ထပ်တိုးမလာအောင်တားဆီးဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ အစိုးရက မကြာသေးမီသီတင်းပတ်တွေအတွင်း အစ္စရေးအစိုးရကို နို်ငငံရေးအရ ဖိအားတွေပေးခဲ့တယ်လို့ ဖော်ပြထားကြပါတယ်။
လက်ရှိမှာတော့ အစ္စရေးဟာ လက်ဘနွန်မှာရှိတဲ့ ဟဇ်ဘိုလာပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်နေသလို လက်ဘနွန်တောင်ပိုင်းမှာလည်း မြေပြင်ထိုးစစ်ဆင်နေပါတယ်။
လက်ဘနွန်တောင်ပိုင်းမှာတော့ မနေ့ကပြုလုပ်ခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးခုနှစ်ယောက်အပါအဝင် လူ ၂၃ ယောက်သေဆုံးခဲ့ပြီး အောက်တိုဘာလနောက်ပိုင်း ၃၀၀၀ ကျော်လာတယ်လို့ လက်ဘနွန်အာဏာပိုင်တွေက ပြောပါတယ်။
လက်ဘနွန်အရေးနဲ့ပတ်သက်ပြီး သံတမန်ရေးအရာ အစီအစဉ်တရပ်အတွက် အမေရိကန်ရဲ့ ကတိကဝတ်ကို ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်နဲ့ တယ်လီဖုန်းဆက်သွယ် ဆွေးနွေးခဲ့ပါတယ်။
လက်ဘနွန်ကို အစ္စရေးရဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာစိုးရိမ်မှုတွေ တိုးပွားနေပါတယ်။ ပဋိပက္ခများအတွင်း လူပေါင်း ၁ ဒသမ ၂ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ပြီး လက်ဘနွန်ရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်တွေလည်း တိုက်ခိုက်ခံရမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
Ref:NHK
Photo:Getty Images
Related posts
-
ညောင်ရွှေနဲ့ ပင်လောင်းမြို့ရောက် စစ်ရှောင် ၂၀၀၀ကျော်ကို လာမယ့်မတ်လကုန်မှာ နေရပ်ကို အပြီးပြန်ခိုင်းထား
ZY(VOM) ဒီဇင်ဘာ ၊၇ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်ကို ရောက်ရှိနေတဲ့... -
စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ခဲ့မိလို့ တောင်ကိုရီးယားသမ္မတက ပြည်သူတွေကို တောင်းပန်
ဆိုးလ်၊ ဒီဇင်ဘာ-၇-၂၀၂၄မျိုးဆက်(VOM)ပြီးခဲ့တဲ့ အင်္ဂါနေ့ညက စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ခဲ့မိတာနဲ့ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်က ပြည်သူတွေကို တောင်းပန်လိုက်ပါတယ်။ကွန်မြူနစ်မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုနဲ့... -
မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခံရ
ဒီဇင်ဘာ ၇ – ၂၀၂၄SS (VOM)ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က မှော်ဘီလေတပ်စခန်းမှာ မနေ့ ဒီဇင်ဘာ...