ကိဗ်ယက်၊ နိုဝင်ဘာ-၁၇-၂၀၂၄
မျိုးဆက်(VOM)
ရုရှားဟာ ယူကရိန်းစွမ်းအင်အခြေခံအဆောက်အအုံတွေကို ပြီးခဲ့တဲ့ညက ဒုံးကျည်တွေ ဒရုန်းတွေနဲ့ အကြီးအကျယ ်တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းစွမ်းအင်ဝန်ကြီးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ စက်တင်ဘာလနောက်ပိုင်း ရုရှားအရဲ့ အကြီးဆုံးတိုက်ခိုက်မှုဖြစ်တယ်လို့ ယူကရိန်းအာဏာပို်ငတွေနဲ့ ဒေသတွင်း သတင်းမီဒီယာတွေက ပြောပါတယ်။ ဒီအတောအတွင်း အနောက်ဘက်ရှိ ယူကရိန်းရဲ့ အိမ်နီးချင်း ပိုလန်နိုင်ငံက လုံခြုံရေး သတိပေးမှုအဖြစ် သူ့ရဲ့ လေပိုင်နက်မှာ တိုက်လေယာဉ်တွေနဲ့ ကင်းလှည့်ခဲ့ပါတယ်။
ယူကရိန်းရဲ့ စွမ်းအင်စနစ် အကြီးအကျယ် ဆက်လက်တိုက်ခိုက်ခံနေရပြီး ရုရှားဟာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရေး စက်ရုံတွေကို အဓိကပစ်မှတ်ထားတိုက်တိုက်နေတယ်လို့ စွမ်းအင်ဝန်ကြီးက ပြောပါတယ်။
ယူကရိန်းတောင်ပိုင်း မိုင်ကိုလပ်ဗ်မြို့မှာ တိုက်ခိုက်မှု အကြီးအကျယ်ခံခဲ့ရပြီး လူနှစ်ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကာ အိုဒီဆာရဲ့ ပင်လယ်နက်ဆိပ်ကမ်းမှာလည်း လျှပ်စစ်ဓါတ်အားပြတ်တောက်မှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။
မြို့တော်ကိဗ်ယက်မှာတော့ ဝင်ရောက်လာတဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေကို လေကြောင်းရန် ကာကွယ်ရေးစနစ်က ကြားဖြတ်ပစ်ချခဲ့ပြီး အပျက်အစီးများကျရောက်မှုကြောင့် ထိခိုက်သေဆုံးမှုရှိကြောင်း သိရပါတယ်။
ရုရှားဟာ မကြာသေးမီကာလတွေအတွင်းကလည်း ယူကရိန်းစွမ်းအင် အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ဒီအပေါ် တုံ့ပြန်ဖို့အတွက် အဆင့်မြင့်လေကြောင်းရန် ကာကွယ်ရေးစနစ်နဲ့ ဒုံးကျည်တွေ ပိုမိုပေးအပ်ဖို့ ယူကရိန်းသမ္မတ ဇီလန်စကီးက အနောက်အုပ်စု မဟာမိတ်တွေကို တောင်းဆိုထားပါတယ်။
Ref:BBC
Photo:Reuters
Related posts
-
ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို ယူကရိန်းဖမ်းဆီးရမိ
ကိဗ်ယက်၊ ဇန်နဝါရီ-၁၂-၂၀၂၅ မျိုးဆက်(VOM) ရုရှားနိုင်ငံကာ့စ်ဒေသမှာ ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ယူကရိန်းသမ္မတ... -
ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာ
ဇန်နဝါရီ ၁၂ – ၂၀၂၅SS (VOM)ပြည်တွင်းက ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ... -
ရန်ကုန်မှာ ကလေး၊ သက်ကြီး၊ ကိုယ်ဝန်ဆောင်နဲ့ မသန်စွမ်းတွေကို ထောက်ပံ့ကြေးပေးဖို့ စာရင်းကောက်နေ
ဇန်နဝါရီ ၁၀ – ၂၀၂၅KKO(VOM)ရန်ကုန်တိုင်းအတွင်းက မြို့နယ်/ရပ်ကွက်အချို့မှာ ထောက်ပံ့ကြေးငွေ ပေးအပ်ဖို့ စာရင်းကောက်ယူမှု တွေရှိနေတယ်လို့...