ZY(VOM)
ဒီဇင်ဘာ ၉၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့ရှိ မြို့မဈေးမှာ ဒီဇင်ဘာလ ၇ရက်၊ မနက်ပိုင်းအချိန်က ဓားပြတိုက်ဖို့ ကြံစည်နေသူတွေကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ နှစ်ယောက်ဖမ်းမိပြီး တယောက်လွတ်မြောက်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
နမ့်စန်မြို့မဈေးမှာ ဓားပြတိုက်ဖို့ ကြံစည်နေသူ သုံးယောက်ကို ဒေသခံတွေက မသင်္ကာတဲ့အတွက် ရဲတပ်ဖွဲ့ကို ဖုန်းဆက်တိုင်ကြားခဲ့ရာ ထွက်ပြေးဖို့ကြိုးစားတဲ့အတွက် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ပြီး လိုက်လံဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။
“တဆိုင်ဝင်၊ တဆိုင်ထွက်လုပ်ပြီး သွားနေတော့ မသင်္ကာတာနဲ့ ရဲကို ဖုန်းဆက်တိုင်လိုက်တာပါ။ အဓိကက ရွှေဆိုင်တွေကို ဓားပြတိုက်ဖို့ ကြံစည်ထားတာ ထင်တယ်။ ရွှေဆိုင်တွေကို တဆိုင်ပြီးတဆိုင် လိုက်ဝင်ထွက်ပြီး အခြေအနေကြည့်နေတာ။ ဒါနဲ့ပဲ ရဲကဖမ်းတော့ မဖမ်းမခံဘဲ ထွက်ပြေးတာနဲ့ သေနတ်နဲ့ ပစ်ဖောက်ဖမ်းတော့ တဈေးလုံး လန့်ကုန်ကြတယ်”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေ ရောက်လာတဲ့အချိန်မှာ အဲဒီအမျိုးသား ယောက်က ထွက်ပြေးဖို့ ကြိုးစားရင်း တဦးက ရဲတပ်ဖွဲ့ကို ဓားနဲ့ပြန်လည်ခုခံခဲ့တဲ့အတွက် ရဲတပ်ဖွဲ့တွေက သေနတ်နဲ့ ငါးချက်ပစ်ခတ်ဖမ်းဆီးခဲ့ပြီး နှစ်ဖမ်းမိပေမယ့် တယောက်ကတော့ လွတ်မြောက်သွားတယ်လို့ သိရပါတယ်။
နမ့်စန်မြို့မှာ အခု ၂၀၂၄ခုနှစ်အတွင်း ဖုန်းဆိုင်နဲ့ ရွှေဆိုင်တွေ ဓားပြတိုက်ခံရမှု ၈ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဓားပြတိုက်ခံရသူတွေ ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် ဓားပြတိုက်သွားသူတွေကို လက်ရှိအချိန်ထိ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့လည်း သိရပါတယ်။
ဓာတ်ပုံ-Local
Related posts
-
ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို ယူကရိန်းဖမ်းဆီးရမိ
ကိဗ်ယက်၊ ဇန်နဝါရီ-၁၂-၂၀၂၅ မျိုးဆက်(VOM) ရုရှားနိုင်ငံကာ့စ်ဒေသမှာ ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ယူကရိန်းသမ္မတ... -
ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာ
ဇန်နဝါရီ ၁၂ – ၂၀၂၅SS (VOM)ပြည်တွင်းက ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ... -
ရန်ကုန်မှာ ကလေး၊ သက်ကြီး၊ ကိုယ်ဝန်ဆောင်နဲ့ မသန်စွမ်းတွေကို ထောက်ပံ့ကြေးပေးဖို့ စာရင်းကောက်နေ
ဇန်နဝါရီ ၁၀ – ၂၀၂၅KKO(VOM)ရန်ကုန်တိုင်းအတွင်းက မြို့နယ်/ရပ်ကွက်အချို့မှာ ထောက်ပံ့ကြေးငွေ ပေးအပ်ဖို့ စာရင်းကောက်ယူမှု တွေရှိနေတယ်လို့...