တိုင်ပေ၊ ဒီဇင်ဘာ-၁၀-၂၀၂၄
မျိုးဆက်(VOM)
တရုတ်နိုင်ငံဟာ နှစ် ၃၀ ကာလအတွင်း ဒေသတွင်းမှာ အကြီးများဆုံးသော ရေတပ်ဖြန့်ကြက်မှုကို လုပ်ဆောင်နေပြီး ဒါဟာ ထိုင်ဝမ်ကို ယခင်ကထက် သိသာထင်ရှားတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဂျပန်တောင်ပိုင်း ကျွန်းစုများမှ တောင်တရုတ်ပင်လယ်ထိ လက်ရှိရေတပ်ဖြန့်ကြက်မှုဟာ ၁၉၉၆ ခုနှစ် ထိုင်ဝမ်ရွေးကောက်ပွဲမတိုင်မီ ထိုင်ဝမ်တဝိုက်မှာပြုလုပ်ခဲ့တဲ့ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုများနောက်ပိုင်း အကြီးမားဆုံးလည်းဖြစ်ပါတယ်။
တရုတ်စစ်တပ်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာပေးတာမရှိသေးပါဘူး။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားပြီး ထိုင်ဝမ်သမ္မတ လိုင်ချင်းတီရဲ့ အမေရိကန်မှာ ရပ်နားမှုအပါအဝင် ပစိဖိတ်ခရီးစဉ်အပေါ် အမျက်ဒေါသထွက်နေပြီး မကြာခင်မှာ စစ်ရေးလေ့ကျင့်ဖွယ် ရှိနေတဲ့ အခြေအနေပါ။
တရုတ်စစ်တပ်ဟာ လေတပ်ကို အရန်အဖြစ်ထားရှိပြီး ရေတပ်စစ်သင်္ဘောတွေနဲ့ ကမ်းခြေစောင့်တပ်သင်္ဘောတွေကို ဖြန့်ကြက်နေကာ ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ ပြီးခဲ့တဲ့နေ့က သတိပေးချက်တရပ် ထုတ်ပြန်တပ်လှန့်ထားပါတယ်။
ဒေသတွင်းမှာ တရုတ်ရေတပ်နဲ့ ကမ်းခြေစောင့်တပ်က စစ်သင်္ဘော အစင်း ၉၀ ကျော်လောက်ရှိနေပြီး တရုတ်ဟာ ထိုင်ဝမ်ကျွန်းသာမက အခြားနိုင်ငံတွေရဲ့ ပိုင်နက်ကိုလည်း မျက်စိကျနေတယ်လို့ ထိုင်ဝမ်စစ်တပ် တာဝန်ရှိသူက ဆိုပါတယ်။
တရုတ်ရေတပ်ဟာ ပစိဖိတ်ဒေသမှာ ရေတပ်တံတိုင်းနှစ်ခု တည်ဆောက်နေပြီး တခုက ထိုင်ဝမ်လေကြောင်းရန် ကာကွယ်ရေးစိစစ်ဇုန်ရဲ့ အရှေ့ဘက်စွန်းနဲ့ နောက်တခုကတော့ တခြားပစိဖိတ်ဒေသမှာ ဖြစ်တယ်လို့ ထိုင်ဝမ်စစ်တပ် တာဝန်ရှိသူက ပြောပါတယ်။
Ref:Reuters
Photo:ANI
Related posts
-
အပစ်ရပ်ရေး ဒုတိယနေ့မှာ ဂါဇာအတွက် အကူအညီပေးရေးယာဉ် အစီး ၉၀၀ ကျော်ဝင်ရောက်
ဂါဇာစီးတီး၊ ဇန်နဝါရီ-၂၁-၂၀၂၅ မျိုးဆက်(VOM) အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ၁၅ လကြာစစ်ပွဲ အပစ်အခတ်ရပ်စဲရေး ဒုတိယမြောက်နေ့မှာ... -
ကျိုင်းတုံ အိမ်မီးလောင်မှု အိမ်ရှင်အမျိုးသားမီးလောင်သေဆုံး
ဇန်နဝါရီ ၂၁ – ၂၀၂၅ GG (VOM) ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ အမှတ်(၅)... -
နောင်ချိုမှာလေကြောင်းတိုက်ခိုက်ခံရ နှစ်ယောက်သေ တယောက်ထက်မနည်းဒဏ်ရာရ
ဇန်နဝါရီ ၂၁ – ၂၀၂၅ CC (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့နယ်ကို...