ဒီဇင်ဘာ ၁၀၊ ၂၀၂၄
Shy V ( VOM )
ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမှာ MNDAA ဘက်က အခွန် စ ကောက် တော့မှာ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“အခွန်က စကောက်တော့မှာ လို့ကြားတယ်ဗျ။ ဈေးဆိုင်တွေပေါ့။ လိုင်စင်တွေ လုပ်ရမယ် ဆိုတာတော့ မကြားသေးဘူး။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
အခွန်ကောက်ခံတာတွေကို အခု ဒီဇင်ဘာလ က စ ကောက်ခံသွားမယ်လို့ သိရပြီး သတ်မှတ် နှုန်းထားတွေကိုတော့ မသိရေသးဘူးလို့ သူက ပြောပါတယ်။
“ဟုတ်ကဲ့ အခွန် စကောက်တော့မှာဗျ။ ကုန် ပစ္စည်း အဝင် အထွက် မပိတ်ထားဘူး။ မြို့ပြင်မှာ အခွန်ကောက်တယ်။ မြို့တွင်း ဘာမှ မထူးပါဘူး။ ပုံမှန်ပါပဲဗျ။” လို့ ကိုးကန့် MNDAA နဲ့ နီးစပ်သူ တယောက် ကလည်း ပြောပါတယ်။
ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ တချို့ နယ်မြေတွေမှာလည်း အခွန်တွေ ကောက်ခံ နေပြီ ဖြစ်ကြောင်း ဒေသခံ တယောက်က ပြောပါတယ်။
“မုံးကိုး ဘက်တော့ အခွန် အရမ်းများတယ် ဒီ MNDAA တွေ။ ဆိုင်ကယ် တစီးကို တရုတ်ငွေ ယွမ် ၈၀၀ တဲ့။ အခွန်တွေက တနှစ်စာ အတွက် ထင်တယ်။” လို့ မုံးကိုး ဒေသခံ တယောက်က ပြောပါတယ်။
လိုင်းကား ပြေးတဲ့ ကားတွေလည်း စဘော် တင်ဖို့တောင် တရုတ်ယွမ် နှစ်သောင်း (ကျပ် သိန်း ၁၂၀ ဝန်းကျင်)ဆောင်ရပြီး ခရီးသည် တေယာက်အတွက် ၂၀ ရာခိုင်နှုန်း ပေးဆောင်ရတာကြောင့် ပြည်သူတွေ အခက်အခဲ ဖြစ်နေ ကြတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် အသားရောင်းတဲ့ သူတွေလည်း တရက်အတွက် ဝက် တကောင် ပေါ်ရောင်းရင် တရုတ်ယွမ် ၁၀၀ (ကျပ် ၆၀၀၀၀ ဝန်းကျင်)၊ နွား တကောင် ပေါ် ရောင်းရင် ယွမ် ၂၀၀ (ကျပ် ၁၂၀၀၀၀ ဝန်းကျင်) အခွန်ဆောင်ရတယ်လို့ သူက ပြောပါတယ်။
ကြူကုတ် (ပန်ဆိုင်း) မြို့နယ်မှာလည်း MNDAA ဘက်က အခွန်တွေ ကောက်ခံနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
Photo Crd# ဒေသခံ
Related posts
-
ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို ယူကရိန်းဖမ်းဆီးရမိ
ကိဗ်ယက်၊ ဇန်နဝါရီ-၁၂-၂၀၂၅ မျိုးဆက်(VOM) ရုရှားနိုင်ငံကာ့စ်ဒေသမှာ ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ယူကရိန်းသမ္မတ... -
ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာ
ဇန်နဝါရီ ၁၂ – ၂၀၂၅SS (VOM)ပြည်တွင်းက ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ... -
ရန်ကုန်မှာ ကလေး၊ သက်ကြီး၊ ကိုယ်ဝန်ဆောင်နဲ့ မသန်စွမ်းတွေကို ထောက်ပံ့ကြေးပေးဖို့ စာရင်းကောက်နေ
ဇန်နဝါရီ ၁၀ – ၂၀၂၅KKO(VOM)ရန်ကုန်တိုင်းအတွင်းက မြို့နယ်/ရပ်ကွက်အချို့မှာ ထောက်ပံ့ကြေးငွေ ပေးအပ်ဖို့ စာရင်းကောက်ယူမှု တွေရှိနေတယ်လို့...