ဒီဇင်ဘာ ၂၄ – ၂၀၂၄
GG (VOM)
YBS ယာဥ်မောင်းတွေကို စံပြယာဥ်မောင်းဆု၊တာဝန်သိယာဥ်မောင်းဆုနဲ့ လူမှုကွန်ရက်မှာခရီးသွားပြည်သူတွေရဲ့ချီးကျူးခြင်းခံရတဲ့ ယာဥ်မောင်းဆုဆိုပြီး ချီးမြှင့်ပေးသွားမယ်လို့
ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)ကသိရပါတယ်။
“စံပြယာဥ်မောင်းဆုကတော့ ယာဥ်လိုင်းတွေကနေ စံပြယာဥ်မောင်းဆုတွေတင်လာတဲ့အပေါ် စည်းကမ်းချက်မှတ်တမ်းတွေပြန်ကြည်ပြီးရွေးမှာပေါ့။တာဝန်သိယာဥ်မောင်းဆုဆိုတာက ကားပေါ်မှာ ခရီးသည်တွေကပစ္စည်းတွေဘာတွေကျန်တယ်လေ။ပစ္စည်းတွေပြန်လည်ပေးအပ်တဲ့ယာဥ်မောင်းတွေပေါ့။နောက်တခုက လူမှုကွန်ယက်မှာခရီးသည်တွေချီးကျူးခံရတဲ့ယာဥ်မောင်းတွေပါမယ်။တကယ်လည်းဖြစ်ရမယ်။ဖေ့စ်ဘုတ်မှာလာတဲ့ဟာတွေကြည့်တယ်။” လို့ YRTCအတွင်းရေးမှူးဦးလျန်ကျင့်မန်ကပြောပါတယ်။
အဆိုပါ ဆုတွေအားလုံးကို စည်းကမ်းသတ်မှတ်ချက်ဖောက်ဖျက်ခြင်းမရှိတဲ့ ယာဥ်မောင်းတွေကိုရွေးချယ်ပေးမှာဖြစ်ကြောင်းနဲ့ ဆုတွေပေးဖြစ်တဲ့အဓိကရည်ရွယ်ချက်မှာ YBS ယာဉ်မောင်းတွေ အနေနဲ့ ခရီးသွားပြည်သူအပေါ် တာဝန်သိစွာ ဆောင်ရွက်စေရန်နဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့အညီ ဘေးအန္တရာယ်ကင်းရှင်းစွာ မောင်းနှင်စေဖို့ဖြစ်တယ်လို့သိရပါတယ်။
ဆုပေးစနစ်ရှိသလို စည်းကမ်းဖောက်ဖျက်တဲ့ယာဥ်လိုင်းတွေကိုလည်းအရေးယူမှုတွေလုပ်နေတယ်လို့သိရပါတယ်။
လက်ရှိမှာ YBS ယာဉ်မောင်း တွေ စည်းကမ်းဖောက်ဖျက်လို့ တိုင်ကြားတဲ့အမှုပေါင်း ၅၅၀၀၀ လောက်ရှိထားပြီး ဖောက်ဖျက်တဲ့ယာဥ်မောင်းတွေကို ဒဏ်ငွေရိုက်ခြင်း၊ ယာဥ်မောင်းနှင်ခွင့်ပိတ်သိမ်းအရေးယူခဲ့တယ်လို့သိရပါတယ်။
ရန်ကုန်မှာဆိုရင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေဒီဇင်ဘာ ၁၅ ရက်အထိဆိုရင် YBS ယာဉ်မတော်တဆမှုပေါင်း အကြိမ် ၇ဝ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၆ ယောက်ရှိခဲ့ကာ ထိခိုက်ဒဏ်ရာရသူ ၁၃၆ ယောက်အထိရှိခဲ့တယ်လို့သိရပါတယ်။
Photo:CJ
Related posts
-
အပစ်ရပ်ရေး ဒုတိယနေ့မှာ ဂါဇာအတွက် အကူအညီပေးရေးယာဉ် အစီး ၉၀၀ ကျော်ဝင်ရောက်
ဂါဇာစီးတီး၊ ဇန်နဝါရီ-၂၁-၂၀၂၅ မျိုးဆက်(VOM) အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ၁၅ လကြာစစ်ပွဲ အပစ်အခတ်ရပ်စဲရေး ဒုတိယမြောက်နေ့မှာ... -
ကျိုင်းတုံ အိမ်မီးလောင်မှု အိမ်ရှင်အမျိုးသားမီးလောင်သေဆုံး
ဇန်နဝါရီ ၂၁ – ၂၀၂၅ GG (VOM) ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ အမှတ်(၅)... -
နောင်ချိုမှာလေကြောင်းတိုက်ခိုက်ခံရ နှစ်ယောက်သေ တယောက်ထက်မနည်းဒဏ်ရာရ
ဇန်နဝါရီ ၂၁ – ၂၀၂၅ CC (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့နယ်ကို...