ဝါရှင်တန်၊ ဒီဇင်ဘာ-၂၄-၂၀၂၄
မျိုးဆက်(VOM)
အမေရိကန်အာကာသအေဂျင်စီ (နာဆာ) ရဲ့ အာကာသယာဉ်တစင်းဟာ နေနဲ့အနီးဆုံးကနေ ပျံသန်းလေ့လာဖို့ သမိုင်းဝင်စမ်းသပ်မှုကို ကြိုးပမ်းနေပါတယ်။
Parker Solar Probe အာကာသယာဉ်ဟာ နေကိုစူးစမ်းလေ့လာနေတာဖြစ်ပြီး ပူပြင်းလွန်းတဲ့ အပူချိန်တွေနဲ့ ဓါတ်ရောင်ခြည်တွေကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားပါတယ်။ ဒီလိုအပူချိန်မှာ ပျံသန်းမှုအတွင်း ရက်အတန်ကြာ အဆက်အသွယ်ပြတ်တောက်နေပြီး ပုံမှန်အလုပ်ဆောင်နိုင်ခြင်းရှိမရှိကို ဒီဇင်ဘာ ၂၇ ရက်မှာ အချက်ပြလှိုင်းကို စောင့်ဆိုင်းရမှာဖြစ်ပါတယ်။
လူတွေဟာ ရာစုနှစ်ပေါင်းများစွာ နေကိုလေ့လာခဲ့ကြပေမယ့် တကယ်မသွားဘဲနဲ့ အဲဒီနေရာရဲ့ အခြေအနေကို မသိရှိနိုင်ကြောင်း၊ ယခုလေ့လာမှုဟာ နေရဲ့ အလုပ်လုပ်ပုံကို ပိုမိုသိရှိနိုင်ဖွယ်ရှိတယ်လို့ နာဆာရဲ့ သိပ္ပံဆိုင်ရာအကြီးအကဲ နီကိုလာဖော့စ်က ပြောပါတယ်။
Parker Solar Probe နေစူးစမ်းလေ့လာရေးယာဉ်ကို ၂၀၁၈ ခုနှစ်က လွှတ်တင်ခဲ့တာဖြစ်ပြီး နေကို ၂၁ ကြိမ် လှည့်ပတ်ပျံသန်းပြီးဖြစ်ပေမယ့် ခရစ္စမတ်ကာလမှာ ပျံသန်းမှုကတော့ နေနဲ့အနီးဆုံး စံချိန်တင်ပျံသန်းမှုဖြစ်ပါတယ်။
နေကို သူ့ရဲ့ အနီးကပ်ဆုံး စူးစမ်းလေ့လာမှုကတော့ မိုင်ပေါင်း ၃ ဒသမ ၈ သန်းအကွာကဖြစ်ပါတယ်။ ဥပမာအားဖြင့် ကမ္ဘာမြေနဲ့ နေဟာ မိုင်ပေါင်း ၉၃ သန်းကွာဝေးတာကြောင့် နေနဲ့ကမ္ဘာကို တမီတာခြားတယ်လို့ သတ်မှတ်ပါက စူးစမ်းလေ့လာရေးယာဉ်နဲ့ နေဟာ လေးစင်တီမီတာသာကွာတယ်ယူဆနိုင်တာကြောင့် အလွန်နီးကပ်တဲ့ ပျံသန်းမှုလို့ နာဆာတာဝန်ရှိသူတွေက ပြောပါတယ်။
အာကာသယာဉ်ဟာ အပူချိန် ၁၄၀၀ ဒီဂရီစင်တီဂရိတ်ထိ ခံနိုင်ရည်ရှိပြီး ၄ ဒသမ ၅ အထူရှိတဲ့ ကာဗွန်ပေါင်းစပ်သတ္တုတွေနဲ့ တည်ဆောက်ထားကာ တနာရီကို မိုင်ပေါင်း လေးသိန်းသုံးသောင်းကျော် ပျံသန်းနိုင်တယ်လို့ နာဆာက ထုတ်ပြန်ထားပါတယ်။
Ref:BBC
Photo:NASA
Related posts
-
ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို ယူကရိန်းဖမ်းဆီးရမိ
ကိဗ်ယက်၊ ဇန်နဝါရီ-၁၂-၂၀၂၅ မျိုးဆက်(VOM) ရုရှားနိုင်ငံကာ့စ်ဒေသမှာ ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ယူကရိန်းသမ္မတ... -
ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာ
ဇန်နဝါရီ ၁၂ – ၂၀၂၅SS (VOM)ပြည်တွင်းက ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ... -
ရန်ကုန်မှာ ကလေး၊ သက်ကြီး၊ ကိုယ်ဝန်ဆောင်နဲ့ မသန်စွမ်းတွေကို ထောက်ပံ့ကြေးပေးဖို့ စာရင်းကောက်နေ
ဇန်နဝါရီ ၁၀ – ၂၀၂၅KKO(VOM)ရန်ကုန်တိုင်းအတွင်းက မြို့နယ်/ရပ်ကွက်အချို့မှာ ထောက်ပံ့ကြေးငွေ ပေးအပ်ဖို့ စာရင်းကောက်ယူမှု တွေရှိနေတယ်လို့...