တဲလ်အဗစ်၊ ဒီဇင်ဘာ-၂၄-၂၀၂၄
မျိုးဆက်(VOM)
ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟာနီယာကို အီရန်နိုင်ငံ တီဟီရန်မြို့မှာ သတ်ဖြတ်ခဲ့တာလို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ပထမဆုံးအကြိမ် ဝန်ခံပြောဆိုလိုက်ပြီး ယီမင်အခြေစိုက် ဟူသီအဖွဲ့ ခေါင်းဆောင်ပိုင်းကိုလည်း ပစ်မှတ်ထားမယ်လို့ သတိပေးလိုက်ပါတယ်။
ဟာနီယာဟာ အစ္စရေးရဲ့ ကျယ်ကျယ်ပြန့်ပြန့် စီစဉ်ထားခဲ့တဲ့ တို်ကခိုက်မှုအတွင်း အီရန်နိုင်ငံ တီဟီရန်ရှိ တည်းခိုနေထိုင်ရာနေရာမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ အစ္စရေးကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေတဲ့ ယီမင်အခြေစိုက် ဟူသီသူပုန်ခေါင်းဆောင်တွေကိုလည်း ပစ်မှတ်ထား သုတ်သင်မယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ဟူသီတွေကို အစ္စရေးအနေနဲ့ ပြင်းပြင်းထန်ထန်တိုက်ခိုက်ပြီး ခေါင်းဆောင်ပိုင်းတွေကို သုတ်သင်ပစ်မယ်လို့ ဟာနီယာ၊ ဆင်ဝါ၊ နာဆရယ်လာ၊ ဆန်နာ စတဲ့ ဟားမတ်စ်နဲ့ ဟဇ်ဘိုလာခေါင်းဆောင်တွေ အသတ်ခံရတာကို ရည်ညွန်းပြီး ကာကွယ်ရေးဝန်ကြီး ကာ့ဇ်က ပြောပါတယ်။
ဒီအတောအတွင်း ဟားမတ်စ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အချို့မှာ တိုးတက်မှုအနည်းငယ်ရှိခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ထုတ်ဖော်ပြောကြားခဲ့ပေမယ့် ဘယ်အချိန်မှာ သဘောတူမလဲဆိုတာတော့ မသိရသေးပါဘူး။
ပါလက်စတိုင်းတာဝန်ရှိသူကတော့ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးမှုတွေ ၉၀ ရာခိုင်နှုန်းအဆင်ချောနေပြီလို့ ပြောဆိုထားပြီး အဓိကပြဿနာအချို့ ကျန်ရှိနေသေးတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:BBC
Photo:Arab News
Related posts
-
ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို ယူကရိန်းဖမ်းဆီးရမိ
ကိဗ်ယက်၊ ဇန်နဝါရီ-၁၂-၂၀၂၅ မျိုးဆက်(VOM) ရုရှားနိုင်ငံကာ့စ်ဒေသမှာ ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ယူကရိန်းသမ္မတ... -
ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာ
ဇန်နဝါရီ ၁၂ – ၂၀၂၅SS (VOM)ပြည်တွင်းက ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ... -
ရန်ကုန်မှာ ကလေး၊ သက်ကြီး၊ ကိုယ်ဝန်ဆောင်နဲ့ မသန်စွမ်းတွေကို ထောက်ပံ့ကြေးပေးဖို့ စာရင်းကောက်နေ
ဇန်နဝါရီ ၁၀ – ၂၀၂၅KKO(VOM)ရန်ကုန်တိုင်းအတွင်းက မြို့နယ်/ရပ်ကွက်အချို့မှာ ထောက်ပံ့ကြေးငွေ ပေးအပ်ဖို့ စာရင်းကောက်ယူမှု တွေရှိနေတယ်လို့...