ဒေလီ၊ ဒီဇင်ဘာ-၂၇-၂၀၂၄
မျိုးဆက်(VOM)
အိန္ဒိယရဲ့ သက်တမ်းရှည် ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းအသက် ၉၂ အရွယ် ဒီဇင်ဘာ ၂၆ ရက်မှာ ကွယ်လွန်သွားကြောင်း တာဝန်ရှိသူတွေနဲ့ မိသားစုက ပြောပါတယ်။
သူဟာ ၂၀၀၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်ထိ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ်အတွင်း အိန္ဒိယရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ တိုးတက်မှုတွေအတွက် အဓိကဗိသုကာအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်းဟာ ကျန်းမာရေးအခြေအနေ ဆိုးရွားလာပြီးနောက် မြို့တော်ဒေလီရှိ ဆေးရုံမှာ ကုသမှုခံယူခဲ့ရတယ်လို့ သတင်းဌာနတွေက ဆိုပါတယ်။ သူဟာ အိနိ္ဒိယရဲ့ အထူးခြားဆုံးခေါင်းဆောင်များထဲမှ တယောက်ဖြစ်ပြီးကွယ်လွန်သွားခြင်းအတွက် လွန်စွာ ဝမ်းနည်းကြောင်း ဝန်ကြီးချုပ်မိုဒီက ပြောပါတယ်။
သူ့ရဲ့ ဉာဏ်ပညာနဲ့ နှိမ့်ချမှုကို အမြဲမြင်တွေ့ခဲ့ရပြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်အတွင်း မန်မိုဟန်ဆင်းဟာ အိန္ဒိယပြည်သူတွေရဲ့ တိုးတက်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းခဲ့တယ်လို့ မိုဒီကပြောပါတယ်။ မန်မိုဟန်ဆင်းကို ၁၉၃၂ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။
ငယ်စဉ်က ဆင်းရဲချို့တဲ့မှုကြောင့် ဖယောင်းတိုင်မီးနဲ့ စာကျက်ခဲ့ရတဲ့ မန်မိုဟန်ဆင်းဟာ နောက်ပိုင်းမှာတော့ အောက်စဖို့ဒ်တ္ကသိုလ်ဘွဲ့ရတယောင်ဖြစ်လာပါတယ်။ သူဟာ နေရူးနောက်ပိုင်း ပထမဆုံးဝန်ကြီးချုပ် သက်တမ်း ထမ်းဆောင်ပြီးနောက် နောက်တကြိမ်ပြန်လည်ရွေးချယ်ခံရတဲ့ အိန္ဒိယခေါင်းဆောင်ဖြစ်ကာ ဝန်ကြီးချုပ်ရာထူး ရယူခဲ့တဲ့ ပထမဆုံး ဆစ်ခ်လူမျိုးလည်းဖြစ်ပါတယ်။
ဒါပေမယ့် သူ့ရဲ့ ဒုတိယသက်တမ်းမှာ အစိုးရအဖွဲ့အတွင်း အကျင့်ပျက်ချစားမှုတွေ ဖြစ်ပွားခဲ့ပြီး ဒီအကျင့်ပျက်ချစားမှုတွေဟာ ၂၀၁၄ အထွေထွေရွေးကောက်ပွဲမှာ ကွန်ဂရက်ပါတီ အပြတ်အသတ်ရှုံးနိမ့်မှုအတွက် တစိတ်တပိုင်း တာဝန်ရှိတယ်လို့ လူအများအပြားက ဆိုကြပါတယ်။
Ref:BBC
Photo:Getty Images
Related posts
-
ထရန့်ရဲ့ ကျမ်သစ္စာကျိန်ဆိုပွဲ တရုတ်ဒုတိယသမ္မတကို စေလွှတ်မယ်
ပေကျင်း၊ ဇန်နဝါရီ-၁၇-၂၀၂၅ မျိုးဆက်(VOM) တရုတ်ဒုတိယသမ္မတ Han Zheng ကို အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန်ရဲ့... -
မော်လူးမြို့ လေကြောင်းတိုက်ခိုက်မှု သုံးယောက်သေပြီး ဒဏ်ရာရတာတွေရှိ
ဇန်နဝါရီ ၁၇ -၂၀၂၅ GG (VOM) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့မှာ ဇန်နဝါရီ... -
ကာကွယ်ဆေး မထိုးရသေးသူနဲ့ အကြိမ်ပြည့်မထိုးရသေးတဲ့ ကလေးငယ်တွေကို Big Catch up ကာကွယ်ဆေးထိုး အစီအစဉ် စတင်မယ်
ဇန်နဝါရီ ၁၇ – ၂၀၂၄ GG (VOM) အသက် ၁ နှစ်မှ...