ဇန်နဝါရီ ၂၊ ၂၀၂၄
Shy V VOM
ကိုးကန့် MNDAA သိမ်းပိုက် ထိန်းချုပ်ထားတဲ့ လားရှိုးမှာ ၂၀၂၅ နှစ်ဆန်းကစပြီး အခွန်တွေ နဲ့ မီတာခ တွေစကောက် တော့မှာ ဖြစ်ေကြာင်း ဒေသခံတွဆီက သိရပါတယ်။
“လားရှိုးမှာ မီး မရတဲ့ ရပ်ကွက် ေတွလည်း ဒီဇင်ဘာ လကုန်ပိုင်း ကတည်းက စရပြီ။ မီတာခ ကတော့ နှစ်ကုန်တဲ့ အထိ မကောက်ဘူး။ နှစ်ဆန်း ကနေ စကောက်မယ်လို့ ကြားတယ်။ မီတာခ တယူနစ်ကို ကျပ် ၁၅၀၀ လို့လည်း ကြားေနတယ်” လို့ ဒေသခံ အမျိုး သမီး တေယာက်က ပြောပါတယ်။
တချို့ ရပ်ကွက် တွေမှာတော့ လျှပ်စစ် မီး ရတာ သုံး၊ လေး လ ရှိပြီ ဖြစ်ပေမယ့် မီတာခ ကောက်ခံတာမျိုး ဝောာ့ မရှိသေးဘူးလို့ သူက ပြောပါတယ်။
လျှပ်စစ်မီး မီတာခ ကျပ် ၁၅၀၀ ကောက်ဖို့ အတည် ဖြစ်ပါက ဒေသခံ တွေ အတွက် အခက်အခဲ ပို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
“ကားတွကေတာ့ တနှစ်စာ အခွန်ဆာင်ရတယ်။ ကုန်အတွက်တော့ တခေါက်ချင်းစီ သူတို့ ကြည့်ပြီး အခွန် နှုန်း ဖြတ်ပေးပါတယ်။ အရင်က ၁ ရာခိုင်နှုန်းပါ့။ ကုန် ၁၀ သိန်း ကို တသောင်း ဆောင်ရတယ်။ အခု နောက်ပိုင်းတော့ ၂ ရာခိုင်နှုန်း ပုံစံ ဖြစ်သွားပြီ” လို့ တနိုင်တပိုင် ကုန်သယ်ယူ ပို့ဆောင်နေသူ တယောက်က ပြောပါတယ်။
မြို့တွင်းမှာလည်း ဆိုင်ေတွမှာ အခွန် အခ ကောက်ခံမယ်လို့ ကြားရေပမယ့် ကောက်ခံနတာမျိုးေတာ့ မကြားရသေးဘူးလို့ သူက ပြောပါတယ်။
ကိုးကန့် MNDAA တပ်ဖွဲ့ နဲ့ နီးစပ်သူ တယောက်ကလည်း အခွန်တွ ကောက်ခံ မယ်ဆိုတာ ဟုတ်မှန် ပေမယ့် ဘယ်အချိန် စကောက်မလဲ ဆိုတာ အတိအကျ မသိရဘူးလို့ ပြောပါတယ်။
မြို့ အဝင်အထွက် ကားတွကေတာ့ ကား ပေါ် မူတည်ပြီး ကျပ်ငွေ ၁၀၀၀ ကနေ ၅၀၀၀ အထိ ကောက်ခံ တာမျိုးဝောာ့ ရှိတယ်လို့ သူက ပြောပါတယ်။
ကိုးကန့် MNDAA တပ်ဖွဲ့ထိန်းချုပ် နယ်မြေ ရှမ်းပြည်နယ် အထူးဒေသ ၁ အတွင်း ဝင်ရောက်မယ့် ကိုးကန့် MNDAA တပ်ဖွဲ့ထိန်းချုပ် နယ်မြေ ပြင်ပက ယာဉ်မောင်းတွ အနေနဲ့ ယာဉ်မောင်း ကတ်ပြုလုပ်ရန် လိုအပ်တယ်လို့ သိရပမယ့် လောလာဆယ် အတင်းအကြပ် လုပ်ခိုင်းတာမျိုး မရှိသေးပဲ ဖြေးဖြေးချင်း လုပ်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
လားရှိုးမြို့ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ်လ ၃ ရက်နေ့က ကိုးကန့် MNDAA နဲ့ ပူးပါင်းတပ်ဖွဲ့က အပြီးသတ် သိမ်းပိုက် ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။
Photo:Shy V
Related posts
-
ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို ယူကရိန်းဖမ်းဆီးရမိ
ကိဗ်ယက်၊ ဇန်နဝါရီ-၁၂-၂၀၂၅ မျိုးဆက်(VOM) ရုရှားနိုင်ငံကာ့စ်ဒေသမှာ ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ယူကရိန်းသမ္မတ... -
ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာ
ဇန်နဝါရီ ၁၂ – ၂၀၂၅SS (VOM)ပြည်တွင်းက ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ... -
ရန်ကုန်မှာ ကလေး၊ သက်ကြီး၊ ကိုယ်ဝန်ဆောင်နဲ့ မသန်စွမ်းတွေကို ထောက်ပံ့ကြေးပေးဖို့ စာရင်းကောက်နေ
ဇန်နဝါရီ ၁၀ – ၂၀၂၅KKO(VOM)ရန်ကုန်တိုင်းအတွင်းက မြို့နယ်/ရပ်ကွက်အချို့မှာ ထောက်ပံ့ကြေးငွေ ပေးအပ်ဖို့ စာရင်းကောက်ယူမှု တွေရှိနေတယ်လို့...