ဇန်နဝါရီ ၃ – ၂၀၂၅
GG(VOM)
ရန်ကုန်တိုင်း၊ကမာရွတ်မြို့နယ်၊ ဆင်မလိုက်ဆိပ်ကမ်းမှာ ဇန်နဝါရီ ၂ရက်နေ့က ကွန်တိန်နာသင်္ဘောတစီး မီးလောင်ပေါက်ကွဲပြီး သင်္ဘော အင်ဂျင်နီယာမှူးသေဆုံးကာနောက်ထပ် အမျိုးသားနှစ်ယောက်လည်း ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့သိရပါတယ်။
” မနက် ၁၀ နာရီလောက်ဖြစ်တာ။ သင်္ဘောရဲ့ဆီကန်ထဲကနေ ဆီကိုစုပ်ထုတ်တာမှာ သင်္ဘောကိုယ်ထည်နဲ့ပန့်ပွတ်မိပြီး မီးပွင့်ပေါက်ကွဲတာလို့သိရတယ်။အင်ဂျင်နီယာမှူးဆိုသူကနေရာမှာပဲဆုံးတယ်။ကျန်တဲ့ဒဏ်ရာရတဲ့နှစ်ယောက်ကလည်း ဒဏ်ရာအတော်ပြင်းတယ်။တကိုယ်လုံးထိကြတာဆိုတော့ စိုးရိမ်ရတဲ့အခြေအနေပါ။မနေ့ကတည်းက ရန်ကုန်ဆေးရုံ ကြီးကိုပို့လိုက်တယ်။” လို့ ဒေသခံ လူမှုကူညီရေးသမားတယောက်ကပြောပါတယ်။
ပေါက်ကွဲမှုအတွင်းသေဆုံးခဲ့တဲ့ အင်ဂျင်နီယာမှူးက အသက် ၃၁ နှစ်အရွယ် ကိုရဲထွန်းဝင်းဆိုသူဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေက အသက်၂၁ နှစ်အရွယ် ကိုဝေလွင်ထွန်း အသက် ၃၄ နှစ်အရွယ်ကိုစိုးထွန်းနိုင်တို့ဖြစ်ပြီး ဒဏ်ရာပြင်းထန်တဲ့အခြေအနေရှိတယ်လို့သိရပါတယ်။
အဆိုပါ ပေါက်ကွဲခဲ့တဲ့သင်္ဘောက ရန်ကုန်-ကော့သောင်းပြေးဆွဲနေတဲ့ MV.MCL9 ကွန်တိန်နာသင်္ဘောဖြစ်ပြီး ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး သေဆုံးသူအင်ဂျင်နီယာမှူးကို အမှုဖွင့်ထားတယ်လို့လည်းသိရပါတယ်။
မတ်လ ၁ရက်နေ့ကလည်း ရန်ကုန်၊ကြည့်မြင်တိုင်မြို့နယ်၊ဗားကရာဆိပ်ကမ်းအနီး ရန်ကုန် မြစ်ထဲမှာ ဆီတင်သင်္ဘောပေါက်ကွဲလို့လူသေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။
Related posts
-
အပစ်ရပ်ရေး ဒုတိယနေ့မှာ ဂါဇာအတွက် အကူအညီပေးရေးယာဉ် အစီး ၉၀၀ ကျော်ဝင်ရောက်
ဂါဇာစီးတီး၊ ဇန်နဝါရီ-၂၁-၂၀၂၅ မျိုးဆက်(VOM) အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ၁၅ လကြာစစ်ပွဲ အပစ်အခတ်ရပ်စဲရေး ဒုတိယမြောက်နေ့မှာ... -
ကျိုင်းတုံ အိမ်မီးလောင်မှု အိမ်ရှင်အမျိုးသားမီးလောင်သေဆုံး
ဇန်နဝါရီ ၂၁ – ၂၀၂၅ GG (VOM) ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ အမှတ်(၅)... -
နောင်ချိုမှာလေကြောင်းတိုက်ခိုက်ခံရ နှစ်ယောက်သေ တယောက်ထက်မနည်းဒဏ်ရာရ
ဇန်နဝါရီ ၂၁ – ၂၀၂၅ CC (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့နယ်ကို...