ဂါဇာစီးတီး၊ ဇန်နဝါရီ-၆-၂၀၂၅
မျိုးဆက်(VOM)
ဂါဇာစစ်ပွဲအဆုံးသတ်ရေး အလားအလာရှိတဲ့ အပစ်အခတ်ရပ်စဲရေး ပထမအဆင့်မှာ ဓါးစာခံတွေ လွှတ်ပေးဖို့ဆန္ဒရှိကြောင်း ဟားမတ်စ်ထိပ်တန်း တာဝန်ရှိသူတယောက်က ထုတ်ဖော်ပြောဆိုပါတယ်။
ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့ရဲ့ ပြန်လွှတ်ပေးမယ့် ဓါစားခံစာရင်းမှာ ၃၄ ယောက်ရဲ့ နာမည်တွေပါဝင်ပြီး ဓါးစာခံဘယ်လောက် အသက်ရှင်သေးတယ်ဆိုတာကိုတော့ လက်ရှိအချိန်ထိ ရှင်းလင်းစွာ မသိရသေးပါဘူး။
ပြန်လွှတ်ပေးမယ့် စာရင်းမှာ ပါဝင်သူတွေဟာ အသက် ၅၀ ကနေ ၈၅ အရွယ်အရှိ သက်ကြီးရွယ်အို အမျိုးသား ၁၁ ယောက်၊ အမျိုးသမီး ၁၁ ယောက်နဲ့ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသွားပြီလို့ ဟားမတ်စ်တို့ ယခင်ကပြောဆိုဖူးတဲ့ ကလေးတွေလည်း ပါဝင်နေပါတယ်။
ကျန်းမာရေးမကောင်းဘူးလို့ ဟားမတ်စ်တို့ ထုတ်ပြန်ထားသူတွေလည်း ပါဝင်ပါတယ်။ ဒီအတောအတွင်း ဂါဇာမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ ဂါဇာတာဝန်ရှိသူတွေက ပြောပါတယ်။
ပြန်လွှတ်မယ့် ဓါးစာခံစာရင်းကို ဟားမတ်စ်တို့က ပေးပို့ထားတယ်ဆိုတဲ့သတင်းကို အစ္စရေးဝန်ကြီးချုပ်ရုံးက ငြင်းဆိုထားပါတယ်။ နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲတွေကို ကာတာနိုင်ငံမှာသီတင်းပတ်ကုန်ကု ပြန်လည်စတင်ခဲ့ပေမယ့် သိသာထင်ရှားတဲ့ တိုးတက်မှုမရှိသေးဘူးလို့ စေ့စပ်ညှိနှိုင်းသူတွေက ပြောပါတယ်။
Ref:BBC
Photo:AFP
Related posts
-
ရုရှားနဲ့ အီရန်တို့ နှစ် ၂၀ မိတ်ဖက်စာချုပ်လက်မှတ်ထိုးပြီး စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာနိုင်
မော်စကို၊ ဇန်ဝါရီ-၁၈-၂၀၂၅ မျိုးဆက်(VOM) ရုရှားသမ္မတပူတင်နဲ့ အီရန်သမ္မတ မာဆွတ်ပီဇက်ရှကီယန်တို့ဟာ အနောက်အုပ်စုနိုင်ငံတွေနဲ့ ထိပ်တိုက်တင်းမာမှုတွေ မြင့်တက်နေချိန်မှာ... -
မြိတ်မှာ နေအိမ်သုံးလုံးမီးလောင်ပြီး လူတယောက်ပါမီးလောင်သေဆုံး
ဇန်နဝါရီ ၁၈ – ၂၀၂၅ GG (VOM) တနင်္သာရီတိုင်း ၊မြိတ်မြို့နယ်၊ အလယ်ကျွန်းရပ်ကွက်... -
ရန်ကုန်မှာ စစ်ရှောင်နဲ့ နယ်ပြောင်းလာသူတွေကို ဧည့်စာရင်းစစ်ဆေးမှု တင်းကြပ်နေ
ဇန်နဝါရီ ၁၈ – ၂ဝ၂၅ KKO(VOM) ရန်ကုန်တိုင်းမှာ ဧည့်စာရင်းတွေကို စတင်တင်းကြပ်နေပြီး နယ်ကပြောင်းလာသူတွေနဲ့စစ်ဘေးရှောင်လာသူတွေကို...