ဆိုးလ်၊ ဖေဖော်ဝါရီ-၁၁-၂၀၂၅
ရတီ(VOM)
တောင်ကိုရီးယားနိုင်ငံမှာ ကျောင်းဆရာမတယောက် အသက်ရှစ်နှစ်အရွယ် မူလတန်ကျောင်းသူကို ဓါးနဲ့ထိုးသတ်မှု ဖြစ်ပွားခဲ့တာကြောင့် တနို်ငငံလုံး အံ့ဩတုန်လှုပ်ခဲ့ရပါတယ်။
အသက် ၄၀ အရွယ်ဆရာမဟာ ဒေဂျောင်မြို့မှာ ကျောင်းသူကို ဓါးနဲ့ထိုးခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဓါးထိုးခံခဲ့ရတဲ့ ကျောင်းသူကလေးငယ်ကို စာသင်ကျောင်း ဒုတိယထပ်မှာ တွေ့ရှိပြီးနောက် ဆေးရုံပို့ရာမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။
အဲဒီအချိန်မှာ ဆရာမဟာလည်း ဓါးရှရာဒဏ်ရာတချို့နဲ့အနားမှာတွေ့ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ သေချာလုပ်ဖို့နဲ့ ဒီလိုဖြစ်စဉ်တွေ ထပ်မဖြစ်ရေး ကာကွယ်တားဆီးမှု အစီအမံတွေလုပ်ဖို့ တောင်ကိုရီးယားယာယီသမ္မတ ချိုဆန်မော့ခ်က ညွှန်ကြားထားပါတယ်။
ဆရာမဖြစ်သူဟာ စိတ်ကျရောဂါကြောင့် ခွင့်ခြောက်လယူဖို့ ဒီဇင်ဘာ ၉ ရက်က တောင်းခံခဲ့ပေမယ့် ဆရာဝန်က အကဲဖြတ်ပြီးနောက် သူ့ကို ခွင့်ရက် ၂၀ သာယူဖို့ ထောက်ခံချက်ပေးခဲ့ပြီး အဲဒီနောက်မှာ ကျောင်းပြန်တက်ခဲ့တယ်လို့ ဒေဂျောင် ပညာရေးမှူးရုံးက ပြောပါတယ်။
ဓါးထိုးမှု့ဖြစ်ပွားတဲ့နေ့ မနက်ပိုင်းက ပညာရေးမှူးရုံးတာဝန်ရှိသူတွေဟာ အဲဒီကျောင်းကို သွားရောက်စစ်ဆေးခဲ့တယ်လိုပ ဆိုပါတယ်။ ကျူးလွန်သူဆရာမနဲ့ ကျောင်းသူတို့အကြား ဘာပြသနာမှမရှိဘူးလို့ ပြောပါတယ်။
ဒီဖြစ်စဉ်မတိုင်ခင်ကတည်း လုပ်ဆောင်ကိုင်ဖက် ဆရာမတယောက်ကို အဲဒီဆရာမက လည်ပင်ညှစ်ခဲ့တာအပါအဝင် အကြမ်းဖက်မှုပုံစံမျိုး တွေ့ရပြီး အဲဒီနောက်မှာတော့ သူမကို အနားယူဖို့နဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခပ်ဝေးဝေးနေဖို့ အကြံပြုခဲ့ပြီး အနီးကပ်စောင့်ကြည့်ဖို့အတွက် ဒုတိယကျောင်းအုပ်ကြီးရဲ့ စားပွဲအနီးမှာ နေရာချထားပေးခဲ့တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ တင်းကြပ်တဲ့ လက်နက်ထိန်းချုပ်ရေး ဥပဒေတွေကြောင့် ယေဘုယျအားဖြင့် ဘေးကင်းတဲ့ နိုင်ငံလို့ ယူဆရပေမယ့် မကြာသေးမီနှစ်တွေအတွက် ဓါးကိုင်တိုက်ခိုက်မှုလို ရာဇဝတ်မှုတွေ မကြာခဏ ဖြစ်ပွားလာပါတယ်။
Ref:BBC
Photo:News1