တောင်ကြီး-လွိုင်ကော် ပို့ဆောင်လာတဲ့ ကုန်စည်တွေ ဒေသကွပ်ကဲရေးအဖွဲ့လက်မှတ်ပါမှသာ ထုတ်ယူခွင့်ပြုမယ်

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅
ZY(VOM)
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ကနေ ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို ပို့ဆောင်လာတဲ့ ကုန်စည်ပစ္စည်းတွေကို ဒေသကွပ်ကဲရေးအဖွဲ့လက်မှတ်ပါမှသာ ထုတ်ယူခွင့်ပြုသွားမှာဖြစ်တယ်လို့ ​ဒေသခံ သတင်းရင်းမြစ်တွေထံက ပြောပါတယ်။
ကယားပြည်နယ်အတွင်းရှိ ဒေသတွင်းလက်နက်ကိုင်အင်အားစုတွေကို ထောက်ပို့လုပ်မှာစိုးရိမ်တာကြောင့် တောင်ကြီးမြို့ကနေ လွိုင်ကော်မြို့ကို ကုန်ပစ္စည်းပို့ပါက ပစ္စည်းစာရင်းအသေးစိတ်၊ အရေအတွက် အတိအကျနဲ့ စစ်ကောင်စီဒေသကွပ်ကဲရေးအဖွဲ့လက်မှတ်ပါမှ ပို့ဖို့ ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။
“လွိုင်ကော်မှာလည်း လက်မှတ်ပါမှ ထုတ်ပေးလို့ရတာကြောင့် လက်မှတ်ပါမှ ပစ္စည်းပို့ဖို့ ပြောထားရတယ်။ လူကော၊ ကုန်ကောပါရင်တော့ ပြဿနာမရှိပေမယ့် ကုန်ပစ္စည်းတွေပဲ တင်မယ်ဆိုရင်တော့ လက်မှတ်က ပါကိုပါမှ ပေးတင်တာ။ လူ​ရော ကုန်​ရော ပါရင်တောင် ပစ္စည်းတွေ ဖွင့်စစ်ပြီးမှ ပေးတင်တာ”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။
အဲဒီလို တင်ပို့လိုက်တဲ့ ပစ္စည်းတွေကို လမ်းခရီးမှာ ချယူလို့မရဘဲ လွိုင်ကော်မြို့ဘောလုံးကွင်းဝန်းအတွင်းရှိ နစက ဒေသကွပ်ကဲရေးအဖွဲ့ရဲ့ ရှေ့မှာ စစ်ဆေးပြီးမှသာ ပစ္စည်းထုတ်ယူခွင့်ပြုနေတာဖြစ်တယ်လို့ ယာဥ်လိုင်းဂိတ်တာဝန်ရှိသူတွေထံကနေ သိရပါတယ်။
“လမ်းမှာ လုံးဝပေးမချဘူး။ တောင်ကြီးက တင်လာတဲ့ပစ္စည်းစာရင်းအတိုင်း လွိုင်ကော်မှာ ပြရတယ်။ လျော့နေလို့ မရဘူး။ အဓိကကတော့ ထောက်ပို့လုပ်မှာ စိုးရိမ်တာကြောင့်လို့ ပြောတာပဲ။ ဒီရောက်ရင်လည်း အဆင့်ဆင့်စစ်ဆေးပြီးမှ ပစ္စည်းပေးထုတ်တာ”လို့ ယာဉ်လိုင်းဂိတ်တာဝန်ရှိသူတယောက်က VOMကို ပြောပါတယ်။
တောင်ကြီးကနေ လွိုင်ကော်မြို့ကို တောင်ကြီး – ဆိုက်ခေါင် – ဆီဆိုင် – လွိုင်ကော်ကို မော်တော်ယာဥ်လိုင်းတွေ ပြေးဆွဲနေပြီး ကုန်ပစ္စည်းတွေ သယ်ဆောင်ခွင့် တင်းကြပ်ထားပေမယ့် ပြေးဆွဲနေတဲ့ မော်တော်ယာဉ်တွေကတော့ တစ်ရက်ကို ၁၀စီးထက်မနည်း ရှိနေတယ်လို့လည်း သိရပါတယ်။
Photo:CJ

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Publis

Related posts

VOM News

FREE
VIEW