ကန့်ဘလူနယ်မှာ ကျောင်းထိုင်ဆရာတော် တပါး အသတ်ခံရ

ဖေဖော်၀ါရီ ၊၂၇ ၊၂၀၂၅
KH ( VOM)
စစ်ကိိုင်းတိုင်း ၊ကန့်ဘလူမြို့နယ် ဆားကျင်းကျေးရွာမှာ ဒီကနေ့ မနက် ၆ နာရီ၀န်းကျင်ခန့်က ရွာဦးကျောင်းဆရာတော်ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့ တဖွဲ့က ကျောင်းထဲကို ၀င်ရောက်ပြီး သတ်ဖြတ်သွားတယ်လို့ ဆားကျင်းကျေးရွာ ဒေသခံတွေဆီက သိရပါတယ်။
“ရွာဦးကျောင်းက ဘုန်းကြီးကို ဓားနဲ့ ခေါင်းကို ခုတ်သတ်သွားတယ် ၊ နောက်ပြီး ရွာထဲက လူနေအိမ် တလုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ် ” လို့ ဆားကျင်းရွာခံတယောက်က​ပြောပါတယ် ။
ဒါ့အပြင် အသတ်ခံရတဲ့ ရွာဦးကျောင်း ဘုန်းတော်ကြီးက သက်တော် ၈၅ နှစ် ၊ ၀ါတော် ၄၅ ၀ါရှိပြီးဘွဲ့တော်မှာ ဥူးနန္ဒိယ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ ပြီးခဲ့တဲ့ ၄ နှစ်တာကာလအတွင်းမှာ လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဆရာတော် သံဃာတော် အပါး ၅၀ ကျော်ရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ် ။
ဒါ့အပြင် ပဲခူးတိုင်း ၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတွေဘက်မှာလည်း အသတ်ခံရတဲ့ ဆရာတော် သံဃာတော်တွေရှိခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် (၁၀၀) ဝန်းကျင် ရှိတယ်လို့ သတင်းမှတ်တမ်းေတွအရသိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်ရစ် အရှေ့ရွာ ကျောင်းတိုက် ဆရာတော်လည်း အုန္နဲဘုတ်ကျေးရွာဘက်က ကျောင်းကို ပြန်အလာ လမ်းမှာ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခြင်း ခံရပါသေးတယ်။
ထို့အပြင် စစ်ကိုင်းတိုင်း ရွေဘိုမြို့နယ် ၊ ကံကြီးတောကျေးရွာမှာ သာသနာပြုနေတဲ့ ခရစ်ယာန် ဘုန်းတော်ကြီးတပါးလည်း ဒီလ ၁၄ ရက်က ဒေသတွင်း လက်နက်ကိုင် အဖွဲ့တဖွဲ့ရဲ့ ဖမ်းဆီး သတ်ဖြတ်ခြင်းကို ခံရတယ်လို့ သိရပါတယ်။
ဓါတ်ပုံ ဝိကီပီးဒီးယား
#VoiceOf Myanmar #VOM#ကန့်ဘလူနယ် #ဆားကျင်းရွာဘုန်းတော်ကြီးအသတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW