ပေကျင်း၊ ဖေဖော်ဝါရီ-၂၇-၂၀၂၅
ရတီ(VOM)
ဩစတြေးလျနဲ့ နယူးဇီလန်အကြား တက်စ်မန်ပင်လယ်မှာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ တရုတ်ရေတပ်ရဲ့ ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်မှုဟာ နို်ငငံတကာဥပဒေတွေကို ကိုက်ညီတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူက ပြောပါတယ်။
နိုင်ငံတကာရေပိုင်နက်မှာ စစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်ပြီး လုံလောက်တဲ့ သတိပေးမှုတွေ မပြုလုပ်ခဲ့တာကြောင့် ဩစတြေးလျနဲ့ နယူးဇီလန် ခရီးသည်တင်လေကြောင်းလိုင်းတွေရဲ့ ခရီးစဉ်တွေလမ်းကြောင်း ပြောင်းခဲ့ရပြီးနောက် တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ၀ူကျန်းက အခုလို ပြောဆိုလိုက်တာပါ။
တရုတ်နိုင်ငံပိုင် သတင်းဌာနရဲ့ ဖော်ပြချက်အရ Type 05 ဖျက်သင်္ဘောတစင်း၊ Type 054 ဖရီးဂိတ်စစ်သင်္ဘောတစင်းနဲ့ ထောက်ပံ့ရေးသင်္ဘောတစင်းတို့ဟာ တက်စ်မန်ပင်လယ်မှာ စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ ဆိုါပတယ်။
စစ်ရေးလေ့ကျင့်မှု အတိုင်းအတာကို တိကျစွာဖော်ပြမထားပေမယ့် တရုတ်ရဲ့ အဆင့်မြင့်ဆုံး ဖျက်သင်္ဘော Type 005 ပေါ်ကနေ ကျည်အစစ်တွေပစ်ခတ်နေတဲ့ပုံတွေကို ထုတ်ပြန်လာပြီး ခရုဇ်ဒုံးကျည်တွေ ပစ်ခတ်မှုလုပ်လားဆိုတာတော့ ရှင်းလင်းစွာ မသိရပါဘူး။
တရုတ်စစ်သင်္ဘောသုံးစင်းဟာ ဩစတြေလျစီးပွားရေးဇုန် တက်စ်မေးနီးယားတောင်ဘက်မှာရှိပြီး လက်ရှိမှာတော့ အနောက်ဘက်ကို ရွေ့လျားနေတယ်လို့ နယူဇီးလန် ရေတပ်က ထုတ်ပြန်ထားပါတယ်။
အချို့သော အွန်လိုင်းခြေရာခံသူတွေကတော့ တရုတ်စစ်သင်္ဘောတွေဟာ ဩစတြေးလျရဲ့ သီးသန့်စီးပွားရေးဇုန် သို့မဟုတ် ဟိုဘတ်ရဲ့ အရှေ့ဘက် ရေမိုင် ၁၆၀ အကွာမှာ တည်ရှိတယ်လို့ ဆိုကြပါတယ်။
Ref:Reuters
Photo:Reuters