နတ်တလင်းမှာ အနက်ရောင်သေမင်းတမန်အဖွဲ့စာသားပါ ကတ်ချိတ်ဆွဲပြီး အသတ်ခံထားရတဲ့ အလောင်းနှစ်လောင်းတွေ့

မတ် ၁၃ – ၂၀၂၅
GG (VOM)
ပဲခူးတိုင်းအနောက်ပိုင်း ၊ သာယာဝတီခရိုင်၊နတ်တလင်းမြို့နယ်ထဲက ကျေးရွာတရွာမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားအလောင်း စွန့်ပစ်ခံထားရမှုဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။
မနေ့က မတ် ၁၂ ရက်နေ့ မနက်ပိုင်းမှာ သတ်ခံထားရတဲ့အမျိုးသားအလောင်းနှစ်လောင်း ကိုတွေ့ရှိရတာဖြစ်ပြီး လည်ပင်းမှာ “အနက်ရောင်သေမင်းတမန် အဖွဲ့”ဆိုတဲ့ စာသားပါ လည်ဆွဲကတ်ချိတ်ဆွဲထားတာတွေ့ရှိရတယ်လို့သိရပါတယ်။
“အသက်တွေက ငယ်သေးတယ်။ လည်ပင်းလှီးထားတဲ့ဒဏ်ရာရှိတယ်။အဲဒီအနက်ရောင်သေမင်းတမန်စာသားချိတ်ထားပြီးအသတ်ခံရတဲ့သူတိုင်း လည်ပင်းလှီးခံထားရတာမျိုးပဲ။အခုအသတ်ခံရတဲ့နှစ်ယောက်က နတ္တလင်းကပဲလို့သိရတယ်။အလောင်းတွေက ရှားစီးဘိုရွာနားမှာတွေ့တာပါ။ ” လို့ဒေသခံကပြောပါတယ်။
အဆိုပါ အသတ်ခံထားရတဲ့ အမျိုးသားနှစ်ယောက်ဟာ အဆိုပါ တွေ့ရှိရတဲ့ အမျိုးသားနှစ်ဦးမှာ နတ်တလင်းမြို့နယ်ထဲက ကွင်းစမ်းကျေးရွာ နဲ့ စောင်းဝှက်ကျေးရွာက ဖြစ်တယ်လို့ကနဦးသတင်းအရသိရပါတယ်။
ဇန်နဝါရီလ ၁၀ ရက်ကလည်းပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ ပေါင်းတလည်-ပေါက်ခေါင်းကားလမ်းဘေးမှာ အနက်ရောင်သေမင်းတမန်အဖွဲ့စာသားပါ လည်ဆွဲကတ်ချိတ်ဆွဲပြီး အသတ်ခံထားရတဲ့အမျိုးသားလူငယ်အလောင်းနှစ်လောင်းတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။
၂၀၂၄ ခုနှစ် မေလ ၁၃ ရက်ကလည်း ပြည် – ပေါင်းတလည်ကားလမ်းဘေး၊ပေါင်းတလည်မြို့အဝင်မှာ အသတ်ခံထားရပြီး အနက်ရောင်သေမင်းတမန်စားသားချိတ်ထားတဲ့ အမျိုးသားတွေ့ရှိခဲ့ရပါတယ်။
အလားတူ မေလ ၆ ရက်နေ့မှာလည်း ပဲခူးတိုင်းအနောက်ပိုင်း၊ ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းအုပ်စု၊ ကုန်းသာရွာထဲမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားလူငယ်အလောင်းသုံးလောင်းစွန့်ပစ်ခံခဲ့ရမှုရှိခဲ့ပါတယ်။
အဆိုပါအမျိုးသားသုံးယောက်ရဲ့လည်ပင်းမှာလည်း အနက်ရောင်သေမင်းတမန်အဖွဲ့ဆိုတဲ့စာသားပါလည်ဆွဲကတ်ချိတ်ဆွဲခံထားရတယ်လို့သိရပါတယ်။
ဒါအပြင် ဧပြီလ ၂၂ ရက်နေ့ကလည်း ပဲခူးတိုင်းအနောက်ပိုင်း၊လက်ပံတန်းမြို့၊အုတ်ဖိုစုရွာအနီးမှာ အမျိုးသားတယောက်သတ်ဖြတ်ခံထားရပြီး အလောင်းစွန့်ပစ်ခံခဲ့ရကြောင်း၊သူ့ရဲ့လည်ပင်းမှာလည်း အနက်ရောင်သေမင်းတမန် စာသားကတ်ချိတ်ဆွဲထားတယ်လို့သိရပါတယ်။
Photo -CJ

Related posts

Leave a Comment

VOM News

FREE
VIEW