ဗာတီကန်၊ ဧပြီ-၂၁-၂၀၂၅
မျိုးဆက်(VOM)
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ အသက် ၈၈ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း ဗာတီကန်က ဒီကနေ့ အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ဗာတီကန် Casa Santa Marta ရှိ သူနေထိုင်ရာ နေရာမှာပဲကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူ့ရဲ့ ဘ၀တခုလုံးဟာ ဘုရားသခင်နဲ့ အသင်းတော်ရဲ့ အမှုတော်အတွက် အပ်နှံခဲ့တယ်လို့ ဗာတီကန်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ အီစတာပွဲတော်ကာလ ထောင်ပေါင်းများစွာသော ဝတ်ပြုသူတွေကို ဆုတောင်းပေးဖို့ လူမြင်ကွင်းကို ထွက်ပေးလာပြီးနောက် တရက်အကြာမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
အသက် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးသည် ပန်းနာရင်ကြပ်ကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာကြောင့် ဖေဖော်ဝါရီ ၁၄ ရက်က ရောမမြို့ရှိ ဆေးရုံမှာ ကာလအတန်ကြာ ကုသမှုခံယူခဲ့ရပြီးနောက် မကြာသေးခင်မှာ ဆေးရုံက ဆင်းလာတာပါ။
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ ၂၀၂၃ ခုနှစ် မတ်လအတွင်းကလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာကြောင့် ဆေးရုံတက်ခဲ့ရပါသေးတယ်။ အဲဒီနှစ်ဇွန်လအတွင်းမှာတော့ အစာအိမ်အူလမ်းကြောင်း ခွဲစိတ်မှုခံယူခဲ့ရပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ အသက် ၂၁ နှစ်အရွယ်ကတည်းက အဆုတ်တစိတ်တပိုင်းကို ဖယ်ရှားခဲ့ရသူဖြစ်ပါတယ်။ ရိုမန်ကက်သလစ်အကြီးအကဲအဖြစ် တာဝန်ယူစဉ် ၁၂ တာကာလအတွင်း ပုပ်ရဟန်းမင်းကြီးဟာ ဆေးရုံအကြိမ်ကြိမ်တက်ခဲ့ရပြီး ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
Ref:BBC
Phofo: Getty Images