တမူးမြို့နယ်မှာ စစ်ရေးပြင်ဆင်ထားပြီးလမ်းကြောင်းအားလုံး ပိတ်ဆို့ထား

ဧ ပြီ ၂၈၊၂၀၂၅
SP(VOM)
စစ်ကိုင်းတိုင်း တမူးခရိုင် တမူးမြို့နယ်မှာ ၂ဘက်လက်နက်ကိုင်တွေက စစ်ရေးပြင်ဆင်ထားမှုကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ဆို့ခံထားရပြီး တမူးဒေသခံ အများစုဟာ စား၀တ်နေရေးတွေ ခက်ခဲလာတယ်လို့ တမူးစော်ဘွားရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ် ။
” တမူးနယ်စပ်မှာ အဖွဲ့အစည်းစုံတယ် အခုရက်ပိုင်းမှာ ၊တမူးမြို့ကိုဆက်သွယ် သွားလာလို့ရတဲ့ လမ်းကြောင်းအားလုံး ပိတ်ဆို့ခံထားရတယ် တမူးကလေးလမ်းပိုင်းက ၊ခါမ်းပါတ် ကနန် ကမ္မကြီး ၊ထင်းစင်၊၀ိတုတ် ဖိုင်လင်း ၊နမ့်မွန်းတား ခုံမွန်းနွံ ၊ပန်းသာ မန်းမော် ၊ ထန်းတပင် အင်တိုင်း စတဲ့ ၊ကျေးရွာတွေဘက်မှာစစ်ရေးပြင်ဆင်တာတွေ လုပ်လာတယ် နောက်ပြီး တမူးမြို့နယ်ကို တချိန်က ကွင်းလမ်းတွေရှိတယ် အဲ့ဒီ ကွင်းလမ်းတွေ ပိတ်ဆို့ထားတယ် ၊အိန္ဒိယနယ်စပ်မှာရှိတဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ပိတ်ဆို့ထားတယ် အခု ကွင်းလမ်း ၊မရှိတော့ဘူး ၊အဲဒါ့ကြောင့် တမူးနယ်မှာ ကုန်စည်မ၀င်ရောက်တော့ဘူး” လို့ ပန်းသာရွာခံ ကုန်စုံဆိုင် လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
” တမူးနယ်ကို မြို့သိမ်းတိုက်ပွဲလုပ်မယ်လို့ သတင်းတွေထွက်နေတယ် နှစ်ဘက်စလုံးက ၊လက်နက်ကိုင် အဖွဲ့တွေပြောနေတယ် လူအများစုကတော့ ၊တခြားမြို့ ရွာတွေဆီ ​ပြောင်းနေကြတယ် အခုဆို တမူးမြို့မှာ အလွန်ဆုံးရှိ လူဦးရေ လေးသောင်း မပြည့်ဘူး ကားတွေလည်း တစီးမှ မထွက်ဘူး ” လို့ ကနန်ရွာခံတယောက်က ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လကစတင်ပြီး ပန်းသာ ၊ ထန်းတပင် ၊မင်းသာ မြို့သစ် ၊ သနန်စေတီ စတဲ့ကျေးရွာဘက်တွေဘက်မှာ မကြာခဏ တိုက်ပွဲငယ်တွေ ဖြစ်ပွားတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW