ဧပြီ၂၈၊၂၀၂၅
Ms (VOM)
နိုင်ငံကူးလက်မှတ်လျှောက်ထားဖို့ Online Appointment System နဲ့ ဘွတ် ကင်တင်ဖို့ QR Code ရယူတာကို ငလျင်လှုပ်ခတ်မှုကြောင့် ယာယီရပ်နားထားရာ လာမယ့် မေလ၁ရက်မှာ ပြန်လည်ဖွင့်ပေးတော့မယ်လို့သိရပါတယ်။
ငလျင်ဘေးဒဏ်ကြောင့်ဆက်သွယ်ရေး တာဝါတိုင်တွေ ပျက်ဆီးခဲ့တဲ့ အတွက် Online Appointment Systemနဲ့ နိုင်ငံကူးလက်မှတ် လျှောက်ထားမှု ရပ်ထားတာ တစ်လနီးပါးကြာမြင့်ခဲ့ပြီးpassport ရုံးရဲ့ QR တင်တဲ့စနစ်ကို ယာယီရပ်ဆိုင်းခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။
ရန်ကုန်၊မြစ်ကြီးနားနဲ့ လားရှိးရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး တွေ မှာ နိုင်ငံကူး လက်မှတ်ဆောင်ရွက်ဖို Online Appointment Date ရရှိ ထားသူတွေ ဆောလျင်စွာ ဆောင်ရွက် နိုင်ဖို့ Appointment Date တွေ ပြင်ဆင်ထားတဲ့ အတွက် ပြန်လည်စိစစ်ဖိုကိုလည်း အသိပေးထားပါတယ်။
ပြောင်းလဲ ပြင်ဆင်ထားတဲ့ရက်တွေမှာ သက်ဆိုင်ရာရုံးတွေ အလိုက် နိုင်ငံကူးလက်မှတ် သွားရောက် ပြုလုပ်နိုင်တယ်လို ဆိုပါတယ်။
ဒါ့အပြင် မြစ်ကြီးနား ရုံးမှာ နိုင်ငံကူးလက်မှတ် လျှောက်ထားဖို Appointment Date ရရှိသူတွေ အနေနဲ့ မြစ်ကြီးနား၊မန္တလေးနဲ့ ရန်ကုန်ရုံးတွေ၊ လားရှိးရုံး မှာ လျှောက်ထားတဲ့ နိုင်ငံကူးလက်မှတ် Appointment Date ရရှိ ထားသူတွေ အနေနဲ့ ရန်ကုန်၊မန္တလေးနဲ့တောင်ကြီးရုံးတွေမှာ လျှောက်ထားနိုင်တယ်လို အသိပေး ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ မတ် ၂၈ ရက်က အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် တာဝါတိုင်တွေ ပျက်ဆီးခဲ့ပြီး QR Code ထုတ်ပေးတာတွေ လည်းရပ်တန့်နေဆဲ ဖြစ်လို့ နိုင်ငံကူးလက်မှတ် ပြုလုပ်လိုသူတွေ အခက်ခဲဖြစ်နေကြပါတယ်။
“ဆာဗာ error ဖြစ်နေတာဖြစ်တဲ့အတွက် passport ပြု လုပ်ဖို့ QR တင်မယ့်သူတွေ နဲ့ အရင်လျှောက်ထားပြီး ၊ QR မရိုက်ထားလိုက်မိသူတွေပါ လက်ရှိမှာ Passport Website ထဲကိုဝင်လို့မရဖြစ်နေကြတယ်။ပတ်စ်ပို့လုပ်ဖို့ က ဘွတ်ကင်စနစ်နဲ့QR code ကြိုတင်ရယူထားရတာဖြစ်တော့ ဆက်သွယ်ရေးစနစ်တွေပြတ်တောက်တာနဲ့ ဆက်လုပ်မရဖြစ်နေတာပါ။မေလ၁ရက်မှ ဘိုကင်စနစ်တွေပြန်ရတော့မယ်ဆိုတော့ အဲ့ဒီ့အချိန်အထိ ပတ်စ်ပို့လုပ်မယ့်သူတွေစောင့်ရမှာပေါ့လို့ ” နိုင်ငံကူးလက်မှတ်လျှောက်ထားသူတယောက် ကပြောပါတယ်။
လက်ရှိမှာ နိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့် QR code ရက်ချိန်း ယူမရပေမယ့် ကျန်းမာရေး၊ပညာရေးစတဲ့ အရေးပေါ် ကိစ္စရှိသူတွေ အတွက် Green Channel အစီစဉ်နဲ့ ဆောင်ရွက်ပေးနေတယ်လို့လည်းသိရကာမြန်မာနိုင်ငံကူးလက်မှတ်ရုံးတွေမှာ ကြိုတင်ရက်ချိန်းကို ဇွန်လ အထိ ပေးထားပြီး ဖြစ်တယ်လို သိရှိရပါတယ်။
Photo- Cj
Voiceofmyanmar#VOM#နိုင်ငံကူးလက်မှတ်#အွန်လိုင်းဘိုကင်#ယာယီရပ်#မေလ၁ရက်#ပြန်ဖွင့်မယ်