မေ – ၁ ၊ ၂၀၂၅
GG (VOM)
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ၊ ရွှေလောင်းလမ်းထဲက တိုက်ခန်းလေးလွှာမှာ မိသားစုလိုက် အသက်ရှုရပ် သေဆုံးပြီး ပုပ်ပွနေတဲ့ရုပ်အလောင်း လေးလောင်းကို ဒီနေ့ မေ ၁ ရက်မှာ တာဝန်ရှိသူတွေက စစ်ဆေး တွေ့ရှိခဲ့ရတယ်လို့ ရပ်ကွက်နေထိုင်သူတွေဆီကသိရပါတယ်။
အဆိုပါ တိုက်ခန်းလေးလွှာရှိအခန်းကနေ အပုပ်နံ့တွေထွက်ရှိနေတာကြောင့် ရပ်ကွက်နေထိုင်သူတွေက သက်ဆိုင်ရာအာဏာပိုင်တွေကိုအကြောင်းကြားခဲ့ပြီးနောက် တိုက်ခန်းတံခါးကိုဖျက်ပြီး ဝင်ရောက်ကြည့်ရှုရာမှ တိုက်ခန်းအတွင်း အသက်ရှုရပ်ပြီးသေဆုံးကာ ပုပ်ပွနေတဲ့ အလောင်းလေးလောင်းကို တွေ့ရှိခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
“လူသစ်တွေပါ။သူတို့မိသားတိုက်ကပါ။ လူလေး ယောက်နဲ့ ခွေးတ ကောင် အခန်းထဲမှာ ပုပ်ပွသေဆုံးနေတယ်။ မီးစက်ရဲ့ မီးခိုးနံ့ကြောင့်လို့သိရတယ်။။လူသစ်တွေပါ။သူတို့မိသားစုကဖြူဖြူသန့်သန့်လူရည်သန့်လေးတွေပါ။ မီးစက်နိုးပြီး အဲယားကွန်းနဲ့ အိပ်တာ ။ နောက်ဖေးခန်းက မီးစက်မီးခိုးကို ပြန်ရှူမိပြီး သေကြတာပါ။သိတဲ့အချိန်မှာ လှုပ်လို့မရတော့ဘူးထင်ပါတယ်။ ကလေးအပေါ်မှာ အဖေက ထပ်ရက်ကြီး ကုန်းထရင်း သေဆုံးနေတာပါ။” လို့ အဆိုပါလမ်းထဲနေထိုင်တဲ့ မျက်မြင်တွေ့ရှိသူကဆိုပါတယ်။
သေဆုံးသူတွေကတော့ တိုက်ခန်းမှာနေထိုင်တဲ့ အဖေဖြစ်သူ အသက် ၃၀ နှစ်နဲ့ အမေဖြစ်သူ အသက် ၂၅ နှစ် နဲ့ သားဖြစ်သူ အသက် ၈ နှစ်အပါအဝင် အဒေါ်တော် စပ်သူ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတို့ သေဆုံးခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။
အဆိုပါ မ်းချောင်းအရံမီးသတွေကိုတော့ စမ်းချောင်းမြို့နယ်ရဲစခန်းတာဝန်ရှိသူတွေ လာရောက်စစ်ဆေးခဲ့ပြီးနောက် စမ်းချောင်းအရံမီးသတ်တပ်ဖွဲ့က ရန်ကုန်ဆေးရုံကြီးကို့ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ အတွက် စမ်းချောင်းအရံမရဲ့မေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။နဲ့ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခဲ့ပေမယ့် VOM ရဲ့မေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။
မနေ့က ဧပြီ ၃၀ ရက်ကလည်း စမ်းချောင်းမြို့နယ်၊ ပြည်သူ့ကွက်သစ် ၁ လမ်းထဲမှာ တိုက်ခန်းလေးလွှာကနေ အမျိုးသမီးတယောက်ပြုကျသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။
ဓာတ်ပုံ -Taurus Tin