မော်စကို၊ မေ-၆-၂၀၂၅
မျိုးဆက်(VOM)
ရုရှားနိုင်ငံ မော်စကိုမြို့ကို ပစ်မှတ်ထားပြီး ယူကရိန်းက မောင်းသူမဲ့ လေယာဉ်တွေနဲ့တိုက်ခိုက်မှု ဒုတိယညဆက်တိုက် ပြုလုပ်ခဲ့တယ်လို့ ရုရှားတာဝန်ရှိသူတွေက ပြောပါတယ်။
မြို့တော်ရှိ အဓိကလေဆိပ်လေးခုစလုံးကို ဘေးကင်းလုံခြုံရေးအတွက် ယာယီပိတ်ထားကြောင်း ရုရှားလေကြာင်း စောင့်ကြည့်ရေးအဖွဲ့က ပြောသည်။ ယူကရိန်းဒရုန်း ၁၉ စင်းကို သူတို့ရဲ့ပစ်မှတ်တွေကို မရောက်ခင် ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ မော်စကို မြို့တော်ဝန်က ပြောပါတယ်။
အပျက်အစီးအချို့ဟာ အဓိကလမ်းမကြီးတွေပေါ် ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ရုရှားကာ့စ်ဒေသကို ပြီးခဲ့တဲ့နေ့က ကျူးကျော်တိုက်ခိုက်မှုအသစ်တွေ ပြုလု်ပနေတဲ့ ယူကရိန်းတော့ မော်စကိုဒရုန်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မှတ်ချက်မပေးပါဘူး။
ကာ့စ်ဒေကို ယူကရိန်းတပ်တွေ ကျူးကျော်တိုက်ခိုက်ပြီးနောက် ကိုးလအကြာမှာ ဒေသတခုလုံးကို ပြန်လည်ထိန်းချူပ်နိုင်ပြီလို့ ရုရှားက ပြောကြားခဲ့ပြီးနောက် မော်စကို ကိုပစ်မှတ်ထားပြီး ဒရုန်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကာ့စ်ဒေသနယ်စပ်မှာလည်း နယ်စပ်ဖြတ်ကျော် စစ်ရေးလှုပ်ရှားမှုတွေရှိတယ်လို့ ယူကရိန်းက အခိုင်အမာဆိုပါတယ်။
ပြီးခဲ့တဲ့နေ့မှာတော့ ယူကရိန်းတပ်တွေဟာ နယ်စပ်ဖြတ်ကျော် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး အထူးယာဉ်တွေသုံးကာ မိုင်းကွင်းတွေကို ဖြတ်ကျော်ကာ တံတားတွေကို ဒုံးကျည်တွေနဲ့ ဖောက်ခွဲခဲ့ပြီး သံချပ်ကာယာဉ်အဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းကပြောပါတယ်။
ကာ့စ်ဒေသမှာ ကိုးလကြာ စစ်ဆင်ရေးပြီးနောက် ဒေသတွင်းမှာ တပ်ဖွဲ့ဝင်တွေကို စစ်ရေးအရ ဆက်လက်ထားရှိတယ်လို့ ယူကရိန်းစစ်တပ်က ထုတ်ပြန်ထားပါတယ်။
Ref:BBC
Photo:Reuters