ပါကစ္စတန်ကို အိန္ဒိယရဲ့ တိုက်ခိုက်မှု သေဆုံးသူ ၂၆ ယောက်ထိ မြင့်တက်လာပြီး ၄၀ ကျော်ဒဏ်ရာရ

အစ္စလာမ္မာဘတ်၊ မေ-၇-၂၀၂၅
ရတီ(VOM)
ပါကစ္စတန်နဲ့ ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသကို အိန္ဒိယက ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကြောင့် နျူကလီးယားပိုင်ဆို်ငတဲ့ အိမ်နီးချင်းနှစ်နိုင်ငံအကြား စစ်ပွဲသစ်ဖြစ်လာမှာကို စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။
အိန္ဒိယရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ နယ်စပ်ထိန်းချုပ်ရေးမျဉ်းတလျှောက် တိုက်ခိုက်မှုကြောင့် လူ ၂၆ ယောက် သေဆုံးပြီး ၄၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပါကစ္စတန်က ပြောပါတယ်။ ပါကစ္စတန်ရဲ့ ပစ်ခတ်မှုကြောင့် နယ်စပ်မှာ အရပ်သားခုနှစ်ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ အိန္ဒိယက ပြောပါတယ်။
အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားဘက်အခြမ်းမှာ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ စစ်သွေးကြွတိုက်ခိုက်မှုကြောင့် ခရီးသွား ၂၆ ယောက်သေဆုံးခဲ့တဲ့ ဖြစ်စဉ်မှာ ပါကစ္စတန်အခြေစိုက် အကြမ်းဖက်သမားတွေ ပါဝင်ပတ်သက်တဲ့ အထောက်အထားတွေ အခိုင်အမာရှိတယ်လို့ အိန္ဒိယဘက်က ဆိုပါတယ်။
တည်နေရာခြောက်ခုကို အိန္ဒိယက တိုက်ခိုက်မှုအတွင်း တိုက်လေယာဉ်ငါးစင်းကိုပစ်ချနိုင်ခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က အခိုင်အမာဆိုပေမယ့် အိန္ဒိယဘက်ကတော့ အတည်ပြုခြင်းမရှိသေးပါဘူး။
ကက်ရှ်မီးယားဒေသကို ပိုင်ဆိုင်ကြောင်း အိန္ဒိယနဲ့ ပါကစ္စတန်တို့က အခိုင်အမာဆိုထားပြီး လက်ရှိမှာ ပိုင်းခြားအုပ်ချုပ်နေကြပါတယ်။ ၁၉၄၇ ခုနှစ်နောက်ပိုင်း ကက်ရှ်မီးယားအရေးကြောင့် နှစ်နိုင်ငံအကြား စစ်ခင်းခဲ့ရပါတယ်။
အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာတော့ ဆယ်စုနှစ်များစွာ လက်နက်ကိုင်သူပုန်ထမှုတွေ ဖြစ်ပွားခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။ လက်ရှိတင်းမာမှုတွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့ နိုင်ငံတကာက တိုက်တွန်းထားပါတယ်။
Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW