AA နဲ့ ဆက်ဆံရေးအပေါ် မြန်မာဘက်က ကန့်ကွက်မှု ဘင်္ဂလားဒေ့ရှ် ပယ်ချ

ဒါကာ၊ မေ-၇-၂၀၂၅
မျိုးဆက်(VOM)
AA နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ ဆက်ဆံမှုအပေါ် နစကရဲ့ ကန့်ကွက်မှုကို ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေး အကြံပေး ခါလီလာရာမန်က ပယ်ချလိုက်ပြီး နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ဖို့ လိုအပ်တယ်လို့ ယူဆရင် ဘယ်အဖွဲ့နဲ့မဆို ချိတ်ဆက် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
“ ဘ ယ်သူဘာပြောပြော အရေးမကြီးပါဘူး ” လို့ နယ်စပ်တလျှောက် တင်းမာမှုတွေမြင့်တက်နေချိန်မှာ သူက ပြောပါတယ်။ “ ဘင်္ဂလားဒေ့ရှ်ဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတနိုင်ငံဖြစ်ပြီး မိမိတို့ အကျိုးစီးပွားအတွက် မိမိတို့ အလိုရှိသူနဲ့ ထိတွေ့ဆက်ဆံမယ် ”လို့ မြန်မာဘက်က ကန့်ကွက်မှုနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကို သူက ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအနေနဲ့ လွတ်လပ်တဲ့ နိုင်ငံခြားရေး မူဝါဒကို အကောင်အထည်ဖော်နေတယ်လို့ အမျိုးသားလုံခြုံရေး အကြံပေးက ဆိုပါတယ်။ AA နဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့ ထိတွေ့ဆက်ဆံမှုနဲ့ပတ်သက်ပြီး ကန့်ကွက်ကြောင်း စာတစောင်ကို ဧပြီလအတွင်း မြန်မာဘက်က ပေးပို့ခဲ့ပါတယ်။
“ တခုစဉ်းစားရမှာက ကျနော်တို့နဲ့ နယ်စပ်ဖြတ်ကျော်ထိန်းချုပ်မှုဟာ AA လက်ထဲမှာရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ နယ်နိမိတ်၊ အချုပ်အခြာပိုင်နက်ကို စီမံခန့်ခွဲ ကာကွယ်ရမယ်မှာဖြစ်ပြီး ဒါဟာ နယ်စပ်ဖြတ်ကျော် ပြဿနာဖြစ်လို့ နယ်မြေထိန်းချုပ်ထားသူနဲ့ အဆက်အသွယ်လုပ်ရမယ် ”လို့ ခါလီလာရာမန်က ပြောပါတယ်။
AA နဲ့ ထိတွေ့ဆက်ဆံဆွေးနွေးမှုတွေဟာ မြန်မာနိုင်ငံရဲ့ နယ်မြေစိုးမိုးမှုဆိုင်ရာ ဘင်္ဂလားဒေ့ရဲ့ ရပ်တည်ချက် ပြောင်းမှာမဟုတ်ဘူးလို့ သူကပြောပါတယ်။
“ နစကနဲ့လည်း အဆက်အသွယ်တွေရှိတယ်။ ကုန်သွယ်ရေး၊ ရိုဟင်ဂျာကိစ္စတွေမှာ ဆက်ပြီး ပတ်သက်နေတယ်။ နှစ်ဖက်ဆွေးနွေးပွဲ ဆက်လုပ်ဖို့တွေရှိတယ်။ ပြဿနာတခုကို ဖြေရှင်းချင်ရင် ဘက်ပေါင်းစုံ အဆက်အသွယ်ရှိဖို့ လိုတယ်။ ဒီလိုမှမဟုတ်ရင် ဘာမှဖြေရှင်းနိုင်မှာမဟုတ်ဘး” လို့ အမျိုးသားလုံခြုံရေး အကြံပေးက ပြောပါတယ်။
ရခိုင်ပြည်နယ်က စစ်ရှောင်တွေအတွက် ဘင်္ဂလားဒေ့ရှ်ကတဆင့် လူသားချင်းစာနာမှုစင်္ကြံဖန်တီးပြီး အကူအညီတွေ ပေးပို့နိုင်ရေးအတွက် ကုလသမဂ္ဂအနေနဲ့ နစက၊ AA တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စကတော့ ပြဿနာတရပ်အဖြစ်ရှိနေသေးပြီး သက်ဆိုင်ရာအားလုံးနဲ့ အဆက်အသွယ်ရှိတယ်လို့ ခါလီလာရာမန်က ပြောပါတယ်။
Ref:bdnews24
Photo:bdnews24

Related posts

Leave a Comment

VOM News

FREE
VIEW