ကက်ရှ်မီးယားနယ်စပ်မှာ အိန္ဒိယနဲ့ ပါကစ္စတန်တပ်ဖွဲ့တွေ ညလုံးပေါက် တိုက်ခိုက်မှုတွေ ဖြစ်ပွား



ဒေလီ၊ မေ-၈-၂၀၂၅
မျိုးဆက်(VOM)

အိန္ဒိယနဲ့ ပါကစ္စတန်တို့ကို ပိုင်းခြားထားတဲ့ ကက်ရှ်မီးယားနယ်စပ်မှာ နှစ်နိုင်ငံတပ်ဖွဲ့ဝင်တွေဟာ လက်နက်ငယ်တွေ၊ အမြောက်တွေနဲ့ ညလုံးပေါက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ အိန္ဒိယစစ်တပ်က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ဂျမူးနဲ့ ကက်ရှ်မီးယားရှိ ကပ်ဝါရာ၊ ဘာရာမူလာ၊ ယူရီနဲ့ အက်နူးဒေသတွေက နယ်စပ်ထိန်းချုပ်မျဉ်းတလျှောက်ဖြတ်ပြီး ပါကစ္စတန်ဘက်က လက်နက်ငယ်တွေ၊ အမြောက်တွေနဲ့ ညလုံးပေါက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

နျူကလီးယားလက်နက်ပို်ငဆို်ငထားတဲ့ အိမ်နီးချင်းနှစ်နိုင်ငံအကြား နယ်စပ်တလျှောက်မှာ ပြီးခဲ့တဲ့ ရက်တွေကတည်းက ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မနေ့ကတော့ ပါကစ္စတန်နဲ့ ကက်ရှ်မီးယားဒေသ ပစ်မှတ်တွေကို အိန္ဒိယက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

အငြင်းပွားဖွယ် ကက်ရှ်မီးယားဒေသ အိန္ဒိယထိန်းချုပ်တဲ့အခြမ်းမှာ ခရီးသွား ၂၆ ယောက်သေဆုံးခဲ့တဲ့ စစ်သွေးကြွတိုက်ခိုက်မှုကို ပါကစ္စတန်က ကျောထောက်နောက်ခံပြုတယ်လို့ စွပ်စွဲထားပြီး ဒီတိုက်ခိုက်မှုပြီးနောက် နှစ်ပတ်အကြာမှာ ပါကစ္စတန်ရှိ စစ်သွေးကြွပစ်မှတ် ကိုးခုကို တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ အိန္ဒိယက ပြောပါတယ်။

အိန္ဒိယရဲ့ တိုက်ခို်ကမှုအတွင်း နယ်စပ်တလျှောက်မှာ အရပ်သား ၃၁ ယောက်သေဆုံးခဲ့ပြီး ပါကစ္စတန်ရဲ့ ပစ်ခတ်မှုကြောင့် အိန္ဒိယဘက်မှာ လူ ၁၂ ယောက်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားကြပါတယ်။ နှစ်နိုင်ငံအကြား တင်းမာမှုတွေ လျှော့ချပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေက တိုက်တွန်းထားပါတယ်။

ကက်ရှ်မီးယားဒေသကို ပိုင်ဆိုင်တယ်လို့ အိန္ဒိယနဲ့ ပါကစ္စတန်တို့က အခို်ငအမာဆိုထားကြပြီး ဒီဒေသအရေးကြောင်း စစ်ခင်းခဲ့ကြဖူးပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တော့ လက်ရှိတင်းမာမှုတွေ ပြေလည်စေလိုတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:CNA
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW