နယူးယောက်၊ မေ-၈-၂၀၂၅
မျိုးဆက်(VOM)
ကိုလံဘီယာတက္ကသိုလ်ရှိ ပင်မစာကြည့်တိုက်ရဲ့ တစိတ်တပိုင်းကို မေ ၇ ရက်က သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းထောက်ခံသူ ဒါဇင်များစွာကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ နယူးယောက် ရဲတပ်ဖွဲ့က ပြောပါတယ်။
ဆန္ဒပြသူတွေဟာ ဘတ်လာစာကြည့်တိုက်ကို အတင်းအဓမ္မ ဝင်ရောက်လာစဉ် တက္ကသိုလ် လုံခြုံရေးတာဝန်ရှိသူနှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တက္ကသိုလ်တာဝန်ရှိသူတွေက ပြောပါတယ်။ ဆန္ဒပြသူတွေဟာ ခေါင်းစွပ်နဲ့ မျက်နှာဖုံးတွေ ဝတ်ဆင်ပြီး ထရန့်အစိုးရကို ဆန့်ကျင်ကြောင်း ပြသခဲ့ပါတယ်။
အဲဒီနောက်မှာတော့ တက္ကသိုလ်တာဝန်ရှိသူတွေဟာ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီး ဆန္ဒပြသူအများစုမှာ ကျောင်းသားမဟုတ်ကြကြောင်းနဲ့ လူ ၇၀ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ စာကြည့်တိုက်ထဲမှာ စာအုပ်စင်တွေကို ဆန္ဒပြသူတွေက ဖျက်ဆီးခဲ့ကြပြီး ပါလက်စတိုင်း လွတ်မြောက်ရေး ဆိုတဲ့ စာတွေ ရေးသားခဲ့ပါတယ်။
ဆန္ဒပြပွဲကို စာကြည့်တိုက်ရှိ သီးခြားအခန်းတခုမှာ လုပ်ဆောင်ခဲ့ပေမယ့် ကျောင်းသားတွေ စာကျက်နေပြီး နောက်ဆုံး စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်နေတာကြောင့် ဒီလိုအနှောက်အယှက်ပေးတဲ့ လုပ်ရပ်တွေကို လက်မခံကြောင်း ကိုလံဘီယာတက္ကသိုလ် အဓိပတိက ပြောပါတယ်။
ပါလက်စတိုင်းထောက်ခံသူတွေဟာ ဟာမီတန်ခန်းမကို ၂၄ နာရီနီးပါးကြာ သိမ်းပိုက်ခဲ့တဲ့ ၂၀၂၄ခုနှစ် ဧပြီလနောက်ပိုင်း ကိုလံဘီယာတက္ကသိုလ်အာဏာပိုင်တွေက နယူးယောက်ရဲတပ်ဖွဲ့ကို ပထမဆုံးအကြိမ် ဆက်သွယ်တိုင်ကြားခဲ့ခြင်းလည်းဖြစ်ပါတယ်။
နယူးယောက်မြို့မှာ ဘယ်လိုပုံစံနဲ့မဆို အမုန်းပွားမှု သို့မဟုတ် အကြမ်းဖက်မှုတွေကို သည်းခံမှာမဟုတ်ကြောင်း မြို့တော်ဝန် အဲရစ်အဒမ်စ်က ပြောပါတယ်။ ဆန္ဒပြသူတွေကတော့ တက္ကသိုလ်အာဏာပိုင်တွေဟာ အကြမ်းဖက်ဖိနှိပ်ခဲ့တယ်လို့ စွပ်စွဲထားပြီး ကျောင်းသားကဒ်တွေ ပြဖို့ ငြင်းဆန်ခဲ့တယ်လို့ ပြောပါတယ်။
Ref:BBC
Photo:Getty Images
ကိုလံဘီယာတက္ကသိုလ်မှာ ပါလက်စတိုင်းထောက်ခံသူတွေ ဆန္ဒပြပွဲ လူ ၇၀ ကျော် အဖမ်းခံရ
