စစ်အခြေစိုက်စခန်း သုံးခုကို ပါကစ္စတန် တိုက်ခိုက်ခဲ့ကြောင်း အိန္ဒိယ စွပ်စွဲ၊ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို လက်တုံ့ပြန် တိုက်ခိုက်

ဒေလီ၊ မေ-၉-၂၀၂၅
မျိုးဆက်(VOM)
အိန္ဒိယ စစ်အခြေစိုက်စခန်း သုံးခုကို ပါကစ္စတန်က ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အိန္ဒိယက စွပ်စွဲလိုက်ပြီး ပါကစ္စတန်ကတော့ ဒီကိစ္စကို ငြင်းဆိုထားပါတယ်။
နှစ်နိုင်ငံအကြား တင်းမာမှုတွေ လျှော့ချဖို့ အမေရိကန်နဲ့ အခြားနိုင်ငံတွေက တိုက်တွန်းနေချိန်မှာ ဒီလိုတိုက်ခိုက်မှုတွေအတွက် နှစ်ဖက်စလုံးက အပြန်အလှန် အပြစ်တင်နေကြပါတယ်။ လက်ရှိမှာလည်း နယ်စပ်တလျှောက်မှာ နှစ်ဖက်တပ်တွေအကြား လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။
အိန္ဒိယ ဒရုန်း ၂၅ စင်းကို ပစ်ချခဲ့တယ်လို့ ပါကစ္စတန်က အစောပိုင်းမှာ ပြောဆိုထားပြီး ဒီကိစ္စအပေါ် လက်တုံ့ပြန်တဲ့ အနေနဲ့ အိန္ဒိယကလည်း ပါကစ္စတန် လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။
ပါကစ္စတန်နဲ့ ပါကစ္စတန်အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မနက်ကတည်းက တိုက်ခိုက်မှုတွေကြောင့် လူ ၃၁ ယောက်သေဆုံးပြီး ၅၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီအတောအတွင်း ပါကစ္စတန်ရဲ့ ပစ်ခတ်မှုကြောင့် အိန္ဒိယဘက်မှာ အရပ်သား ၁၆ ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လအတွင်းက အိန္ဒိယအုပ်ချု်ပတဲ့ ကက်ရှ်မီးယားဘက်အခြမ်းမှာ ခရီးသွား ၂၆ ယောက် သေဆုံးခဲ့ စစ်သွေးကြွ တိုက်ခို်ကမှုကို တုံ့ပြန်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာလို့ အိနိ္ဒိယက ပြောပါတယ်။
ပါကစ္စတန်ကတော့ ဒီကိစ္စမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ငြင်းဆိုထားပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကက်ရှ်မီးယားဒေသကို ပိုင်ဆိုင်တယ်လို့ အခို်ငအမာဆိုထားကြပြီး လက်ရှိမှာ ပိုင်းခြားအုပ်ချုပ်နေပါတယ်။ အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဘက်မှာတော့ ဆယ်စုနှစ်များစွာ သူပုန်ထမှုများကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW