ဝါရှင်တန်၊ မေ-၉-၂၀၂၅
ရတီ(VOM)
မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်ဟာ လာမယ့်နှစ် ၂၀ အတွင်း သူ့ရဲ့ ချမ်းသာကြွယ်၀မှု ၉၉ ရာခိုင်နှုန်းကို လှူဒါန်းသွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ငွေကြေားပမာဏဟာ စျေးကွက်နဲ့ ငွေကြေးဖောင်းပွမှုတို့အပေါ် မူတည်သော်လည်း ဂိတ်ဖောင်ဒေးရှင်းရဲ့ လု်ပငန်းတွေ အဆုံးသတ်ချိန် လက်ရှိနဲ့ ၂၀၄၅ ခုနှစ်အကြားမှာ ဒေါ်လာ ဘီလီယံ ၂၀၀ ကျော် လှူဒါန်းသွားမယ်လို့ ဘီလ်ဂိတ်က ဆိုပါတယ်။
ဒီငွေတွေကို မိခင်နဲ့ ကလေး သေဆုံးမှုတွေ ကာကွယ်ရေး၊ ကူးစက်ရောဂါတွေ ကာကွယ်ဖို့နဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတို့အတွက် လှူဒါန်းမယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း ဂိတ်ဖောင်ဒေးရှင်းဟာ ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်လှူဒါန်းခဲ့ပြီး လာမယ့် နှစ် ၂၀ မှာ နှစ်ဆတိုးမယ်လို့ ပြောပါတယ်။
အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ ကမ္ဘာတဝန်းရှိ အခြားနိုင်ငံတွေဟာ သူတို့ရဲ့ အကူအညီတွေကို လျှော့ချဖြတ်တောက်မှုတွေ ပြုလုပ်နေချိန်မှာ လှူဒါန်းမှုနဲ့ပတ်သက်ပြီး ဘီလ်ဂိတ်က ကြေညာခဲ့တာဖြစ်ပါတယ်။ “ လိုအပ်ချက်တွေကတော့ ကျနော်တို့ လုပ်နိုင်တာထက် အများကြီးပိုပါတယ်။ ဒါပေမယ့် ကျနောတို့ အတတ်နိုင်ဆုံး လုပ်ဆောင်သွားမယ်ဆိုတာ ပြသသွားမှာပါ ”လို့ ဘီလ်ဂိတ်က ပြောပါတယ်။
ဒီလိုရန်ပုံငွေဖြတ်တောက်မှုတွေနဲ့ ပတ်သက်ပြီး ဘီလ်ဂိတ်က ဝေဖန်ပြောဆိုပါတယ်။ ဒါအပြင် အမေရိကန်အစိုးရ စွမ်းဆောင်ရည်ဌာနကို ဦးစီးပြီး ရန်ပုံငွေဖြတ်တောက်မှုတွေ လုပ်ဆောင်နေတဲ့ အီလွန်မာ့ခ်ကိုလည်း သူက ထောက်ပြဝေဖန်ခဲ့ပါတယ်။
ဒါဟာ သန်းပေါင်းများစွာသော ကလေးငယ်တွေကို သေစေလိမ့်မယ်လို့ သူက သတိပေးထားပါတယ်။ မိုက်ခရိုဆော့ဖ်နည်းပညာကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့သူ ဘီလ်ဂိတ်ဟာ ကမ္ဘာ့ပေါ်မှာ ပဉ္စမမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။
Ref:NHK
Photo:Getty Images
ပိုင်ဆိုင်မှု အားလုံးနီးပါး လှူဒါန်းသွားမယ်လို့ ဘီလ်ဂိတ် ကြေညာ
