မေ၉၊၂၀၂၅
Ms(VOM)
ယခုနှစ်ရဲ့ ပြည်ထောင်စုအခွန်ကောက်ဥပဒေအရ အထူးကုန်စည်အမျိုးအစားတွေဖြစ်တဲ့ စီးကရက်၊ ဆေးလိပ်၊ အရက်နဲ့ ဝိုင်အမျိုးမျိုး တို့ကို အခွန်တန်ဖိုးနှုန်းထားတွေတိုးမြှင့်သတ်မှတ်လိုက်ကြောင်းသိရပါတယ်။
ဆေးလိပ်နဲ့ အရက်အမျိုးမျိုး အတွက် အခွန်တန်ဖိုးနှုန်းထားတွေကို ပြီးခဲ့တဲ့၂၀၂၄ခုနှစ်ကထက် အခု၂၀၂၅ခုနှစ်မှာ အနည်းဆုံးကျပ်ငွေ၂ကျပ်မှ အများဆုံးကျပ်ငွေ ၆၀၀ကျော်အထိ အခွန်တန်ဖိုးတိုးမြှင့်သတ်မှတ်လိုက်တာပါ။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ပြည်ထောင်စုအခွန်အကာက်ဥပဒေမှာ ရောင်းဈေးကျပ် ၈၀၀ တန်ဖိုးအဆင့်ရှိ စီးကရက်အလိပ် ၂၀ ပါ တစ်ဘူးမှာ စီးကရက်တစ်လိပ်အတွက် အခွန် ၁၃ ကျပ်၊ ၈၀၁ ကျပ်ကနေ ကျပ် ၁၁၀၀ တန်ဖိုးရှိ စီးကရက် အလိပ် ၂၀ ပါ တစ်ဘူးမှာ တစ်လိပ်ကို အခွန် ၂၆ ကျပ် နဲ့ ၁၁၀၁ ကျပ် အထက် စီးကရက်တစ်ဘူးမှာတော့ တစ်လိပ်ကို အခွန် ၂၉ ကျပ် ပေးဆောင်ဖို့ ထုတ်ပြန် အသိပေးထားခဲ့ရာ အခု၂၀၂၅ ခုနှစ် ပြည်ထောင်စုအခွန်အကာက်ဥပဒေမှာတော့ ရောင်းဈေးကျပ် ၈၀၀ တန်ဖိုးအဆင့်ရှိ စီးကရက် အလိပ် ၂၀ ပါ တစ်ဘူးမှာ စီးကရက်တစ်လိပ်အတွက် အခွန် ၁၄ ကျပ် ၊ ၈၀၁ ကျပ်ကနေ ကျပ်၁၁၀၀ တန်ဖိုးရှိ စီးကရက်အလိပ် ၂၀ ပါ တစ်ဘူးမှာ တစ်လိပ်ကို အခွန် ၂၇ ကျပ် နဲ့ ၁၁၀၁ ကျပ် အထက် စီးကရက်တစ်ဘူးမှာတော့ တစ်လိပ်ကို အခွန် ၃၀ ကျပ် ပေးဆောင်ရန်သတ်မှတ်တာကြောင့်၂၀၂၄ ခုနှစ်က ဆေးလိပ်တစ်လိပ်အပေါ် အခွန်နှုန်းထား ၁ ကျပ် သတ်မှတ်ထားရာကနေ ၂၀၂၅ ခုနှစ်မှာ ဆေးလိပ် တစ်လိပ်ကို ၂ ကျပ် တိုးမြှင့်လိုက်တာကို တွေ့ရပါတယ်။
ဒါ့အပြင် အရက်အမျိုးမျိုးရဲ့ တန်ဖိုးအဆင့်သတ်မှတ်ချက်တွေကိုလည်း တိုးမြှင့် ထားပြီး တန်ဖိုးအဆင့်ဆင့်အလိုက် အရက်အမျိုးမျိုး တစ်လီတာကို အနည်းဆုံး ကျပ် ၂၀ ကျော်ကနေ အများဆုံး ကျပ် ၅၈၀ ကျော်အထိ တိုးမြှင့်ထားရာ
ဝိုင်အမျိုးမျိုး အပေါ်မှာလည်း တန်ဖိုးသတ်မှတ်ချက်တွေ တိုးမြှင့်ထားပြီး တန်ဖိုးအဆင့်ဆင့်အလိုက် ဝိုင်အမျိုးမျိုး တစ်လီတာကို အနည်းဆုံး ကျပ် ၃၀ ကျော်ကနေ အများဆုံး ကျပ် ၆၂၀ ကျော်အထိ တိုးမြှင့်လိုက်ကြောင်းသိရပါတယ်။
,
” ဆေးလိပ်နဲ့ အရက် အခွန်တိုးလိုက်တာကြောင့်ထင်တယ်။အရင်က စီးကရက် တလိပ်ကို ငွေ၁၀၀ကျော်၂၀၀နီးပါးပဲ အခုတော့ တလိပ်ကို ငွေ၄၀၀ဆိုတော့ ဈေးနှစ်ဆတက်သွားပြီ အရက် ၊ဘီယာဆိုလည်း ဒီလိုပဲ ဈေးနှစ်ဆတက်လာတယ်။ ဘီယာတဗူး ငွေ၂၀၀၀ကျော်ကနေအခု၄၀၀၀ကျော်လာပြီ ဝင်ငွေဖြစ်တဲ့လစာက ဈေးတက်မလာဘူး။ကုန်စည်တွေနဲ့ ကုန်ဈေးနှုန်းကတော့ အတက်ပဲရှိလာတယ်။ ဆေးလိပ်ကို အခွန်တိုးကောက်တာကတော့ သောက်တဲ့သူနည်းလာအောင်ရည်ရွယ်တယ်လို့ ကျန်းမာရေးအဖွဲအစည်းတွေကပြောထားတာလည်းရှိပါတယ်လို့” ဆေးလိပ်နဲ့အရက်ကို သောက်သုံးနေသူတယောက်ကပြောပါတယ်။
နစက အစိုးရရဲ့ သက်ဆိုင်ရာဌာနတွေက ခွင့်ပြုချက်နဲ့ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချတဲ့ ဆေးရွက် ကြီး၊ ဆေးပေါ့လိပ်နဲ့ ဆေးပြင်းလိပ်တွေအပေါ် တစ်နှစ်အတွင်း ထုတ်လုပ်ရောင်းရငွေ ကျပ်သိန်း ၂၀၀ ထက် မပိုရင် တော့အထူးကုန်စည်ခွန် မစည်းကြပ်သလို အခွန်မကောက်ဘူးလို့ သိရှိရပါတယ်။
Photo- Cj