မေ – ၁၀ -၂၀၂၅
SP( VOM)
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့နယ် ဆူးလေကုန်းကျေးရွာမှာ မနေ့ မေလ ၁၀ရက် ညနေပိုင်းက လေကြောင်းတိုက်ခိုက်ခံရလို့ စျေးဆိုင်ခန်းတွေ ထိခိုက်ပျက်စီးတာအပြင် လူနေအိမ်တွေနဲ့ လယ်ယာလုပ်ငန်းခွင်သုံး ခိုင်းနွားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ကနီမြို့ခံတွေဆီက သိရပါတယ် ။
” မနေ့က ညနေပိုင်း ၃ နာရီ၀န်းကျင်မှာ ဆူးလေကုန်းရွာနားကို လေကြောင်းတိုက်ခိုက်တာ သုံးကြိမ်ဖြစ်တယ် ၊ လူနေအိမ် ငါးလုံးနဲ့ စျေးဆိုင်းခန်းတွေပျက်စီးတယ်၊ နောက်ပြီး လယ်ယာလုပ်ငန်းခွင်သုံး ခိုင်းနွားနှစ်ရှဥ်းသေတယ် လူတွေကတော့ လေကြောင်းရန် သတိပေး နှိုးဆော်ချက်တွေကြောင့် ထိခိုက်သေဆုံးတာ မရှိဘူး ၊ရွာသူ ရွားသားတွေက ဗုံးခိုကျင်းတွေထဲမှာ ပုန်းခိုနေကြတယ် ” လို့ ဆူးလေကုန်း ဒေသခံ တယောက်က ပြောပါတယ်။
ဒါ့အပြင် အခုရက်ပိုင်းမှာ ယင်းမာပင်နယ်နဲ့ ကနီစပ်ကြားမှာရှိတဲ့ ကျေးရွာတွေ အများစု လေကြောင်းတိုက်ခိုက်ခံရတာတွေ ဆက်တိုက်ဆိုသလို တိုက်ခိုက်ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
” ကနီနယ်မှာ မုဋော ၊ချောင်းမ ၊နတ်ကြီး ၊ နတ်လာပို့ ၊ စတဲ့ ရွာတွေနဲ့ ယင်းမာပင်နယ်ထဲက ကျောက်ပုံ ၊ကျောက်မှော် ၊နွားခြံကုန်း စတဲ့ရွာဘက်မှာလည်း တိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ကနီနယ် ချောင်းမရွာမှာ ပြီးခဲ့တဲ့လတုန်းက ကွမ်းယာဆိုင်မှာ ကွမ်းယာ၀ယ်နေတဲ့ လူငါးယောက် လေကြောင်းတိုက်ခိုက်ခံရတယ်လို့ သိရပါတယ် ။
ဒါ့အပြင် မုဋောရွာနားက စက်သုံးဆီ ကားနှစ်စီးနဲ့ ဆိုင်ကယ် ၁၂စီး တိုက်ခံရပါတယ်။
ဒါကြောင့် ယင်းမာပင်နယ်နဲ့ ကနီနယ်တွေမှာ အခု ရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်ခံတာတွေ ခပ်စိပ်စိပ် ဖြစ်နေတယ်လို့ ကနီဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ချင်းတွင်းမြစ်ဘေးက ကလေး၀နယ် ကျွဲနန် ၊ဆင်ခေါင်း ၊ ကဇက် ၊ စတဲ့ရွာဘက်တွေမှာ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးသူတွေရှိတယ်လို့ သိရပါတယ်။