ကိုးကန့် MNDAA ထိန်းချုပ် အထူးဒေသ-၁ မှာ ဒေသခံဖြစ်လိုသူတွေကို ဖိတ်ခေါ်နေ

မေ ၁၀၊ ၂၀၂၅
Shy V (VOM)
ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ ၁ အိမ်ထောင်စုနဲ့ ဒေသ သက်သေခံလက်မှတ် ပိုင်ဆိုင်ခွင့်ရမည့် အခွင့်အရေး MNDAA ဘက်က အသိပေး ထုတ်ပြန်ထားပါတယ်။
“ငွေခင်းနိုင်ရင် အထူးဒေသ ၁ အိမ်ထောင်စုနဲ့ ဒေသ သက်သေခံလက်မှတ် ပိုင်ဆိုင်ခွင့်ရမယ်။ အထူးသဖြင့် တရုတ် နိုင်ငံသား တွေအတွက် အခွင့်အရေးပေါ့” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ကိုးကန့် MNDAA ထိန်းချုပ်ရာ အထူးဒေသ ၁ နယ်မြေရဲ့ ပြင်ပ ကနေ ဝင်ေရာက်လာသူတွေ အနေနဲ့ နိုင်ငံသားပြုရေး မှတ်ပုံတင်တာနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ အချက်အလက် အမျိုးအစား ကိုးမျိုး ထဲက အချက်တခုခုနဲ့ ကိုက်ညီ လို့ရှိရင် အထူးဒေသ ၁ ရဲ့ အိမ်ထောင်စု စာရင်းနဲ့ အထူးဒေသ ၁ ရဲ့ မှတ်ပုံတင်ကတ်တွေ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
ထုတ်ပြန်ချက်မှာတော့ မဟာမိတ်တပ်ဖွဲ့တွေမှာ အမှုထမ်းဖူးသူ ဒါမှမဟုတ် အထူးဒေသ ၁ ရဲ့ အစိုးရရုံးမှာ သုံးနှစ်ထက်ပိုပြီး တာဝန်ထမ်းဖူးသူတွေ၊ တိုက်ပွဲမှာ ဒဏ်ရာရရှိသူ ဒါမှမဟုတ် စစ်မှုထမ်း တိုက်ပွဲဝင်ခဲ့ဖူးသူတွေက စစ်မှုထမ်း သက်တမ်း သုံးနှစ် မပြည့် ပေမယ့် အထူးဒေသ ၁ အိမ်ထောင်စုနဲ့ မှတ်ပုံတင်ကတ်တွေကို ရယူနိုင်တယ်လို့ ဖော်ပြထားပါတယ်။
အထူးဒေသ အစိုးရက အလုပ်ခန့်ထားတဲ့ လုပ်သက် နှစ်နှစ်ထက်ပိုတဲ့ ကျွမ်းကျင်သူ တွေ၊ ပါမောက္ခတွေ၊ အမျိုးမျိုးသော ကျွမ်းကျင်ပညာရှင်တွေ၊ အထူးပညာရှင်တွေ အနေနဲ့ လုပ်သက်မပြည့်မီ ပေမယ့် အထူးဒေသ ၁ ရဲ့ အိမ်ထောင်စု နဲ့ မှတ်ပုံတင် ရယူနိုင်တယ်လို့ လည်း ဖော်ပြထားပါတယ်။
အိမ်ထောင်ရှိပြီး အထူးဒေသ ၁ မှာ ၈ နှစ်အထက် အခြေချနေထိုင်ပြီး ပြစ်မှုမှတ်တမ်းမရှိတဲ့ အထူးဒေသ ၁ ပြင်ပ ကနေ ဝင်ေရာက်လာသူတွေကလည်း အထူးဒေသ ၁ ရဲ့ အိမ်ထောင်စု နဲ့ မှတ်ပုံတင်ကို လျှောက်ထားခွင့် ရှိတယ်လို့ လည်း ပါရှိပါတယ်။
စီးပွားရေးလုပ်ငန်း ဒါမှမဟုတ် စွန့်ဦးတီထွင်လုပ်ငန်းအတွက် အထူးဒေသ ၁ မှာ တရုတ်ငွ ယွမ် ၅၀၀,၀၀၀ နဲ့အထက်ရှိပြီး အိမ်ခြံမြေပိုင်ဆိုင်မှုရှိတဲ့ ကိုးကန့် MNDAA ထိန်းချုပ် နယ်မြေ ပြင်ပက ဝင်ေရာက်လာသူတွေလည်း အထူးဒေသ ၁ ရဲ့ အိမ်ထောင်စု နဲ့ မှတ်ပုံတင်ကို လျှောက်ထားခွင့် ရှိတယ်လို့ ဆိုပါတယ်။
ကိုးကန့် MNDAA ထိန်းချုပ်နယ်မြေမှာ ယွမ် ၅၀၀,၀၀၀ အောက် နည်းတဲ့ အိမ်ခြံမြေ ပိုင်ဆိုင်မှုရှိပြီး ကိုးကန့် MNDAA ထိန်းချုပ် ဘဏ်တစ်ခုခုမှာ မိမိဆန္ဒနဲ့ ၅ နှစ်အတိုးမဲ့ ပုံသေအပ်ငွေ အပ်နှံထားတာတွေ ရှိပါက အိမ်ခြံမြေ နဲ့ ဘဏ်အပ် ငွေ နှစ်ခု ပေါင်းပမာဏ ယွမ် ၅၀၀,၀၀၀ ကျော်ရင်လည်း လျှောက်ထားခွင့်ရှိတယ်လို့ ဆိုပါတယ်။
ကိုးကန့် MNDAA ထိမ်းချုပ် နယ်မြေ ဖြစ်တဲ့ အထူးဒေသ ၁ မှာ တရုတ်ငွေ ယွမ် ၅၀၀,၀၀၀ ထက်ပိုတဲ့ အစိုးရ နဲ့ အများပိုင်ပစ္စည်းတွေကို ဆန္ဒအလျောက် ဝယ်ယူရင်းနှီးမြှုပ်နှံတဲ့ အထူးဒေသ ၁ ပြင်ပ ကနေ ဝင်ေရာက်လာသူတွေ လည်း လျှောက်ထားနိုင်ကြောင်း ဖော်ပြထားပါတယ်။
ကိုးကန့် အထူး အုပ်ချုပ်ခွင့်ရဒေသရှိ ဘဏ်တစ်ခုတွင်မိမိဆန္ဒအလျောက် အတိုးမယူပဲပုံသေ တရုတ်ယွမ် ၅၀၀,၀၀၀ နဲ့ အထက် အပ်နှံတဲ့ နိုင်ငံခြားသား တွေအနေနဲ့လည်း အထူးဒေသ ၁ ရဲ့ အိမ်ထောင်စု နဲ့ မှတ်ပုံတင်ကို လျှောက်ထားခွင့် ရှိတယ်လို့ ဆိုပါတယ်။
“အခု ကွမ်းလုံ – သိန္နီ လမ်းတလျှောက်က မြို့ရွာ တွေမှာ တွေ့ရတဲ့ လုပ်ငန်းရှင်တွေရဲ့ ၇၀ ရာခိုင်နှုန်းက တရုတ်နိုင်ငံသားတွေ ဖြစ်နေပြီ။ သူတို့ ကိုးကန့် MNDAA တပ်ဖွဲ့ရဲ့ အကြီးပိုင်း အရာရှိ အားလုံးက တရုတ်နိုင်ငံ သားတွေပဲ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
နေရာတိုင်းမှာ သူတို့ ရဲ့ သတင်းထောက်တွေ ထားထားတယ်၊ တရုတ်ဖုန်းလိုင်း ဆွဲလိုက်တာလည်း အဓိက သူတို သတင်းအချက်အလက် ရဖို့အတွက်လို့ သိရတယ်လို့ သူက ပြောပါတယ်။
ကိုးကန့် MNDAA တပ်ဖွဲ့ တွေကတော့ ဖွဲ့စည်းပုံ၊ အုပ်ချုပ်ပုံ အားလုံး တရုတ်နိုင်ငံ ရဲ့စနစ်ပဲ ယူထားတာဖြစ်ကြောင်း ကိုးကန့် MNDAA မှာ တာဝန် ထမ်းဆောင်နေသူ တယောက်က ပြောပါတယ်။
ဒေသခံ တချို့ကတော့ အရှေ့ မြောက် ကုန်သွယ်ရာ မူဆယ် – လားရှိုး လမ်းမကြီးရဲ့ တဖက်ခြမ်းကို တရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေ စိုးမိုး ခြယ်လှယ်သွားမယ့် အလားအလာ များနေတာကြောင့် စိတ်မကောင်း ဖြစ်ရကြောင်း ပြောပါတယ်။

Photo Crd# ဒေသခံ

#voiceofmyanmar #VOM #အထူးဒေသ#အိမ်ထောင်စု #ဒေသ သက်သေခံလက်မှတ် ပိုင်ဆိုင်ခွင့်ရမည့် အခွင့်အရေး #MNDAA ဘက်က အသိပေး ထုတ်ပြန်ထား

Kyaw Khaing

သတိ
ဗမာမလာရ
  • Reply
  • Send message
  • Hide

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Published by Kyaw Zaww Aung

Related posts

Leave a Comment

VOM News

FREE
VIEW