လန်ဒန်၊ မေ-၁၀-၂၀၂၅
ရတီ(VOM)
ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ဆွေးနွေးဖို့အတွက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ ပိုလန်ခေါင်းဆောင်တွေဟာ ယူကရိန်းမြို့တော် ကိဗ်ယက်ကို သွားရောက်ကြမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ဆန့်ကျင်ကြောင်းပြသတဲ့အနေနဲ့ ယူကရိန်းနဲ့ ရပ်တည်ကြောင်း ပြသမှုအဖြစ် ဥရောပခေါင်းဆောင်တွေဟာ စနေ့နေ့ မနက်ပိုင်းမှာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။
တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အဆင်ပြေချောမွေ့စေရေးအတွက် ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲဖို့ ရုရှားသမ္မတပူတင်ကို နိုင်ငံတကာ တိုက်တွန်းမှုတွေရှိနေချိန်မှာ ဥရောပခေါင်းဆောင်တွေရဲ့ ခရီးစဉ် ထွက်ပေါ်လာတာပါ။
ဥရောပခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိပြီးနောက် ယူကရိန်းလုံခြုံရေးကို ထောက်ကူပေမယ့် စစ်ဘက်ဆိုင်ရာ အစီအစဉ်တွေနဲ့ ပြန်လည်ထူထောင်ရေးတပ်ဖွဲ့အတွက် ညွှန့်ပေါင်းအဖွဲ့ တိုးတက်မှုနဲ့သတင်းအချက်အလက်တွေအတွက် အွန်လိုင်းဆွေးနွေးပွဲတရပ်ကိုလည်း ပြုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။
သတင်းဌာနတွေက ထုတ်ပြန်ထားတဲ့ ဓါတ်ပုံတွေမှာတော့ ပြင်သစ်သမ္မတ မက်ခရိုဟာ ပိုလန်ကနေ ထွက်လာတဲ့ ရထားတစင်းပေါ်မှာ ဂျာမန်အဓိကပတိမာ့ဇ်၊ ဗြိတိန်ဝန်ကြီးချုပ် စတာမာတို့နဲ့အတူ ယူကရိန်းကို သွားရောက်နေပါတယ်။
ယူကရိန်းကို ဥရောပလေးနိုင်ငံခေါင်းဆောင်တွေ အတူတကွ သွားရောက်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဂျာမနီဝန်ကြီးချုပ် အတွက်လည်း ပထမဆုံးအကြိမ် ယူကရိန်းခရီးစဉ် ဖြစ်ပါတယ်။
Ref:NHK
Photo:NHK