မေ ၁၅ ရက်မှာ ယူကရိန်းနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ ရုရှားသမ္မတပူတင် အဆိုပြု

မော်စကို၊ မေ-၁၁-၂၀၂၅
မျိုးဆက်(VOM)
ယူကရိန်းနဲ့ တိုက်ရိုက်ဆွေးနွေးရေးအတွက် ရုရှားသမ္မတ ပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပြီး နှစ်ဖက်ဆွေးနွေးမှုတွေကို မေ ၁၅ ရက်မှာ နှောင့်နှေးမှုမရှိ စတင်သင့်တယ်လို့ ပြောပါတယ်။
ပဋိပက္ခတွေရဲ့ မူလဇစ်မြစ်ကို ဖယ်ရှားပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဦးတည်ဖို့ လေးနက်တဲ့ ဆွေးနွေးပွဲတွေကို ရှာဖွေနေတယ်လို့ ကရင်မလင်နန်းတော်ကနေ ပြီးခဲ့တဲ့ညက ပြောတဲ့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပူတင်က ဆိုပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် စတာမာ၊ ပြင်သစ်သမ္မတ မက်ခရိုအပါအင် ဥရောပခေါင်းဆောင်တွေဟာ ယူကရိန်းကို သွားရောက်ခဲ့ပြီး ခြွင်းချက်မရှိ ရက် ၃၀ အပစ်အခတ်ရပ်စဲရေးကို သဘောတူဖို့ ရုရှားကို တိုက်တွန်းပြီးနောက် ပူတင်ရဲ့ မှတ်ချက် ထွက်ပေါ်လာတာပါ။
ရုရှားအနေနဲ့ ဒါကိုစဉ်းစားမှာဖြစ်ပေမယ့် ရုရှားအပေါ်ဖိအားပေးမှုတွေကတော့ အလုပ်မဖြစ်ဘူးလို့ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်စကော့ဗ်က ပြောပါတယ်။ နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရေးအသစ်ရရှိနိုင်ဖို့ တူရကီနိုင်ငံ အစ္စတန်ဘူလ်မှာ အဆိုပြုထားတဲ့ ဆွေးနွေးပွဲတွေကို မငြင်းဘူးလို့ ပူတင်က ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တူရကီသမ္မတ အာဒိုဂန်နဲ့ အသေးစိတ်ဆွေးနွေးဦးမယ်လို့ ပူတင်ကပြောပါတယ်။ ယူကရိန်းဘက်ကတော့ ဒီကိစ္စအပေါ် မှတ်ချက်ပေးတာမျိုးမရှိသေးပါဘူး။ ရက် ၃၀ အပစ်အခတ်ရပ်စဲရေး တောင်းဆိုထားတဲ့ ဥရောပခေါင်းဆောင်တွေကတော့ ဒီကိစ္စအပေါ် သဘောမတူရင် ရုရှားအပေါ် ကြီးမားတဲ့ အရေးယူပိတ်ဆို့တွေ လု်ပဆောင်မယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
စွမ်းအင် အခြေခံအဆောက်အအုံတွေကို ပစ်ခတ်တို်ကခို်ကမှု ရက် ၃၀ ရက်ရပ်စဲရေး၊ အီစတာ အပစ်ရပ်နဲ့ ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ နောက်ဆုံးအပစ်အခတ်ရပ်စဲရေးတို့ကို ယူကရိန်းဘက်က အကြိမ်ကြိမ် ချိုဖောက်ခဲ့ကြောင်း ရုရှားသမ္မတပူတင်က စွပ်စွဲထားသည်။
Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW