အိန္ဒိယနဲ့ ပါကစ္စတန်တို့ အပစ်အခတ်ရပ်စဲဖို့ သဘောတူကြပြီ

ဒေလီ၊ မေ-၁၀-၂၀၂၅
မျိုးဆက်(VOM)
အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ အပြည့်အ၀နဲ့ ချက်ချင်း အပစ်အခတ်ရပ်စဲရေးကို သဘောတူလိုက်ပြီး ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ ပစ်ခတ်တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းလိုက်ပါတယ်။
ဒီသဘောတူညီချက်ကို လိုက်နာနေပေမယ့် အိန္ဒိယစစ်တပ်အနေနဲ့ သတိရှိရှိ နိုးနိုးကြားကြားနဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်အတွက် လိုအပ်တာတွေကို စတင်ပြင်ဆင်နေတယ်လို့ အိန္ဒိယစစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။
ပါကစ္စတန်ဒုတိယဝန်ကြီးချုပ်ကတော့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အမြဲတမ်းကြိုးပမ်းနေတယ်လို့ ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေးဟာ အမေရိကန်က တညတာ ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့တဲ့ ရလဒ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။
အိန္ဒိယ အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဘက်ခြမ်း ပါဟယ်ဂမ်မှာ ခရီးသွား ၂၆ သေဆုံးခဲ့တဲ့ ပြီးခဲ့တဲ့လက စစ်သွေးကြွတိုက်ခိုက်မှုအပြီး အိန္ဒိယစစ်တပ်ဟာ ပါကစ္စတန်နဲ့ ပါကစ္စတန်အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသကို ဒုံးကျည်တွေကို တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်မှုစတင်ပြီးနောက် နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှု ၊ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲထားပါတယ်။ လေးရက်ကြာ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေပြီးနောက် အခုလို အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့တာပါ။
အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကက်ရှ်မီးယားဒေသကို ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားပြီး ဒီဒေသအရေးကြောင်း စစ်ခင်းခဲ့ရဖူးပါတယ်။ လက်ရှိအိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာတော့ ဆယ်စုနှစ်များစွာ သူပုန်ထမှုများကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။
Ref:BBC
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW