အမေရိကန်နဲ့ တရုတ်တို့ ရက် (၉၀) ကြာ အခွန်လျှော့ကောက်ဖို့ သဘောတူကြပြီ

ဝါရှင်တန်၊ မေ-၁၂-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးစစ်ပွဲ အရှိန်လျှော့ချရေး ကြိုးပမ်းမှုအဖြစ် နှစ်နိုင်ငံသွင်းကုန်တွေအပေါ် ရက်ပေါင်း ၉၀ ကြာ အခွန်လျှော့ဖို့ သဘောတူလိုက်ကြပါတယ်။
မေ ၁၄ ရက်မှစတင်ပြီး နှစ်ဖက်စလုံး.က အခွန်စည်းကြပ်မှုတွေကို ၁၁၅ ရာခိုင်နှုန်းထိသာ လျှော့ချထားရှိဖို့ သဘေားခဲ့ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ပြောပါတယ်။
သဘောတူညီချက်အရ တရုတ်သွင်းကုန်တွေအပေါ် အမေရိကန်က အခွန် ၃၀ ရာခိုင်နှုန်းနဲ့ အမေရိကန်သွင်းကုန်တွေအပေါ် တရုတ်နိုင်ငံက အခွန် ၁၀ ရာခိုင်နှုန်း လျှော့ချမှာလည်း ဖြစ်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးနဲ့ တရုတ်ဒုတိယဝန်ကြီးချုပ် ဟီလီဖန်းတို့ တွေ့ဆုံဆွေးနွေးပြီးနောက် အခုလိုသဘောတူလိုက်တာဖြစ်ပါတယ်။ စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ ယန္တရားတခုကိုလည်း ထူထောင်ဖို့ သဘောတူခဲ့ပါတယ်။
အနာဂတ်ဆွေးနွေးပွဲတွေကို အမေရိကန် သို့မဟုတ် တရုတ်နိုင်ငံမှာ ပြုလုပ်သွားမှာဖြစ်ပြီး အပြန်အလှန် ဆက်သွယ်မှု ၊ ပူးပေါင်းဆောင်ရွက်မှု ၊ လေးစားမှုတို့နဲ့အတူ ဆွေးနွေးပွဲတွေ ရှေ့ဆက်သွားမယ်လို့ ပူးတွဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တင်းမာမှုတွေ လျော့ပါးသက်သာပြီး ကြိုတင်ခန့်မှန်းနိုင်မှုနဲ့ လက်တွေ့ကျတဲ့ ဖြေရှင်းနည်းတွေကို ဆက်လက်အကောင်အထည်ဖော်ဖို့အပြင် ယခုဆွေးနွေးမှုအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းဖို့ နှစ်နိုင်ငံစလုံးကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ တိုက်တွန်းထားပါတယ်။
အမေရိကန်ဟာ ဒေါ်နယ်ထရန့် သမ္မတဖြစ်လာပြီးနောက် တရုတ်သွင်းကုန်တွေအပေါ် အခွန် ၁၄၅ ရာခိုင်နှုန်း ကောက်ခံခဲ့ပြီး တရုတ်နို်ငငံကလည်း အမေရိကန်သွင်းကုန်များအပေါ် အခွန် ၁၂၅ ရာခိုင်နှုန်း ကောက်ခံခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စျေးကွက်တွေ ကမောက်ကမ ဖြစ်ခဲ့ရပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW