မနီလာ၊ မေ-၁၃-၂၀၂၅
ရတီ (VOM)
ဖိလစ်ပိုင်းမှ လူထောင်ပေါင်းများစွာ သေဆုံးခဲ့တဲ့ မူးယစ်စစ်ပွဲကြောင့် အိုင်စီစီမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သမ္မတဟောင်း ဒူတာတေးဟာ အမာခံနယ်မြေမြို့တော်မှာ မြို့တော်ဝန်အဖြစ် ရွေးကောက်ပွဲမှာ ရွေးချယ်ခံခဲ့ရပါတယ်။
ဒူတာတေးမိသားစုရဲ့ အမာခံနယ်မြေဖြစ်တဲ့ နိုင်ငံတောင်ပိုင်း ဒါဗာအိုမြို့တော်ဝန်အဖြစ် ဒူတာတေးရွေးချယ်ခံရကြောင်း အစောပိုင်းမဲရလဒ်တွေမှာ ဖော်ပြထားပြီး သူ့ရဲ့ သစ္စာရှိ လက်ထောက်နုဲ့ မူးယစ်စစ်ပွဲကို တာဝန်ယူဖူးတဲ့ ရဲချုပ်တို့ဟာ အထက်လွှတ်တော်အမတ်အဖြစ် ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။
၂၀၁၆ ခုနှစ်မှာ သမ္မတဖြစ်မလာခင်က ဒူတာတေးဟာ တောင်ပိုင်းမြို့ကြီးဖြစ်တဲ့ ဒါဗာအိုမြို့ကို ဆယ်စုနှစ် နှစ်ခုကြာ ဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒူတာတေးနဲ့ မားကို့စ်မိသားစုရဲ့ နိုင်ငံရေးဩဇာအားပြိုင်မှုတွေ လွှမ်းမိုးနေတဲ့ လက်ရှိကြားဖြတ်ရွေးကောက်ပွဲမှာ မထင်မှတ်တဲ့ ရလဒ်တွေလည်း ထွက်ပေါ်နေပြီး ဒူတာတေးရဲ့ သမီးဖြစ်သူ ဒုတိယသမ္မတ ဆာရာဒူတာတေးရဲ့ နိုင်ငံရေးကံကြမ္မာကလည်း ဝေဝါးနေဆဲဖြစ်ပါတယ်။
သမ္မတ မားကို့စ်ဂျူနီယာနဲ့ ဒုသမ္မတ ဆရာဒူတာတေးတို့အကြား သမ္မတဟောင်း ဒူတာတေး အိုင်စီစီက ဖမ်းဆီးတရားစွဲဆိုတာအပါအဝင် ကိစ္စရပ်တွေမှာ သဘောထားကွဲလွဲမှုတွေ ပိုမိုပြင်းထန်လာနေပါတယ်။ ဆာရာဒူတာတေးကို အောက်လွှတ်တော်က စွပ်စွဲပြစ်တင်ခဲ့ပါတယ်။
ရွေကောက်ပွဲမှာ ကွန်ဂရက်လွှတ်တော်ကိုယ်စားလှယ်တွေအပြင် ရာနဲ့ချီတဲ့ အုပ်ချုပ်ရေးမှူးတွေ ၊ မြို့တော်ဝန်တွေနဲ့ မြို့တော်ကောင်စီဝန်တွေကိုလည်း ရွေးချယ်မှာဖြစ်ကာ တရားဝင်ရလဒ်တွေကို မကြာခင် ကြေညာဖို့ရှိနေပါတယ်။
Ref:BBC
Photo:Getty Images