ဒေါ်နယ်ထရန့်နဲ့ ရှီကျင်းပင်တို့ ကုန်သွယ်ရေးကိစ္စ ဆွေးနွေးတော့မယ်

ဝါရှင်တန်၊ ဇွန်-၂-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ဟာ နှစ်နိုင်ငံကုန်သွယ်ရေး ပြဿနာနဲ့ပတ်သက်ပြီး ယခုသီတင်းပတ်အတွင်းမှာ တယ်လီဖုန်းဆက်သွယ် ဆွေးနွေးကြဖွယ်ရှိတယ်လို့ အိမ်ဖြူတော် တာဝန်ရှိသူတယောက်က ပြောပါတယ်။
မေလမှာ အမေရိကန်နဲ့ တရုတ်တို့ဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကုန်သွယ်ရေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ထပ်ဆောင်းအခွန်ကောက်ခံမှုတွေကို ၁၁၅ ရာခိုင်နှုန်းလျှော့ချဖို့ သဘောတူခဲ့ကာ တရုတ်နိုင်ငံဟာ သဘောတူညီချက်အချို့ကို ချိုးဖောက်နေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အမေရိကန်က စွပ်စွဲထားပါတယ်။
အရေးကြီးဓါတ်သတ္တုတွေအတွက် သွင်းကုန်အခွန်တွေနဲ့ ကုန်သွယ်ရေးကန့်သတ်ချကေတွေကို ဖြေလျော့ဖို့ နှစ်နိုင်ငံသဘောတူညီချက်ကို ချိုးဖောက်နေတာလို့ ဒေါ်နယ်ထရန့်က စွပ်စွဲထားပါတယ်။ ဒီကိစ္စကို သမ္မတရှီကျင်းပင်နဲ့ ဆွေးနွေးပြီး သဘောတူညီချက်ရမယ်လို့ ယုံကြည်ကြောင်း ထရန့်ကပြောပါတယ်။
သဘောတူညီချက်ကို တရုတ်နိုင်ငံရဲ့ ချိုးဖောက်မှုဟာ ဥရောပ၊ အိန္ဒိယတို့ရဲ့ စက်မှုထောက်ပံ့ရေးကွင်းဆက်တွေအတွက် မရှိအဖြစ်ထုတ်ကုန်တွေကို ကန့်သတ်ထားပြီး ဒါဟာယုံကြည်စိတ်ချရတဲ့ မိတ်ဖက်ကောင်း လုပ်ရပ်မဟုတ်ဘူးလို့ သူကဝေဖန်ပါတယ်။
ဒေါ်နယ်ထရန့်နဲ့ ရှီကျင်းပင်တို့ ဆွေးနွေးမယ့် နေ့ရက်ကို ထုတ်ပြန်ခြင်းမရှိပေမယ့် ကုန်သွယ်ရေးအငြင်းပွားမှုတွေကို ဆွေးနွေးမှာဖြစ်ပြီး အံ့ဩဖွယ် ဆွေးနွေးမှုများရှိလာလိမ့်မယ်လို့ အိမ်ဖြူတော်စီးပွားရေးအကြံပေး ကီဗင်ဟတ်ဆက်က ပြောပါတယ်။
Ref:CNA
Photo:Reuters
ဒေါ်နယ်ထရန့်နဲ့ ရှီကျင်းပင်တို့ ကုန်သွယ်ရေးကိစ္စ ဆွေးနွေးတော့မယ်

Related posts

Leave a Comment

VOM News

FREE
VIEW