လာမယ့်လေးနှစ်အတွင်း နေတိုးကို ရုရှားက တိုက်ခိုက်လာနိုင်ကြောင်း ဂျာမနီသတိပေး

စင်ကာပူ၊ ဇွန်-၂-၂၀၂၅
မျိုးဆက်(VOM)
နေတိုးမဟာမိတ်အဖွဲ့အနေနဲ့ လာမယ့်လေးနှစ်အတွင်း ရုရှားရဲ့ တိုက်ခိုက်လာနိုင်ခြေကို ကြိုတင်ပြင်ဆင်ထားဖို့ ဂျာမနီစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ကာစတန်ဘရူအာက သတိပေးပြောဆိုလိုက်ပါတယ်။
ရုရှားဟာ တနှစ်ကို တင့်ကားအစီးရေ ရာနဲ့ချီထုတ်လုပ်နေပြီး အများစုကို နေတိုးအဖွဲ့ရဲ့ ဘောတစ်ဒေသနိုင်ငံတွေကို ၂၀၂၉ ခုနှစ် သို့မဟုတ် အစောပိုင်းမှာ တိုက်ခိုက်ဖို့အတွက် အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
ဟန်ဂေရီနဲ့ စလိုဗက်ကီးယားတို့က မကြာသေးခင်က သဘောထားကွဲလွဲမှုတွေရှိခဲ့ပေမယ့် ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး နေတိုးအဖွဲ့ဟာ စည်းလုံးညီညွတ်နေဆဲဖြစ်တယ်လို့ ဂျာမနီစစ်တပ် အကြီးအကဲက ပြောပါတယ်။
နေတိုးအဖွဲ့ဟာ ရုရှားဆီကနေ အလွန်ဆိုးရွားတဲ့ ခြိမ်းခြောက်မှုတရပ်ကို ရင်ဆိုင်နေရပြီး ဒါဟာ သူ့ရဲ့စစ်မှုထမ်း နှစ် ၄၀ သက်တမ်းမှာ တခါမှ မကြုံဖူးသေးကြောင်း ဗိုလ်ချုပ်ကြီး ကာစတန်ဘရူအာက ပြောပါတယ်။ ရုရှားဟာ အဓိက တိုက်ပွဲဝင်တင့်ကား အစီး ၁၅၀၀ ခန့်ကို နှစ်စဉ်ထုတ်လု်ပနေတယ်လို့ သူက ပြောပါတယ်။
ရုရှားဟာ ၂၀၂၄ ခုနှစ်အတွင်းမှာ ၁၅၂ မီလီမီတာ အမြောက်ကျည်လေးသန်း ထုတ်လုပ်ခဲ့ပြီး အားလုံးကို ယူကရိန်းစစ်မြေပြင်မှာ အသုံးမပြုခဲ့ဘူးလို့ ဂျာမနီစစ်တပ်အကြီးအကဲက စင်ကာပူမှာကျင်းပတဲ့ အာရှလုံခြုံရေးဆွေးနွေးပွဲ ပြင်ပမှာ ပြောပါတယ်။
နေတိုးရဲ့ ဘောတစ်ဒေသနိုင်ငံတွေကို တို်ကခို်ကဖို့ ရည်ရွယ်ချက်ဖြ
စ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ နေတိုးအဖွဲ့ သဘောတူညီချက် အပိုဒ် ၅ အရ အဖွဲ့ဝင်နိုင်ငံတနိုင်ငံ တိုက်ခိုက်ခံရပါက အခြားအဖွဲ့ဝင်နိုင်ငံတွေက ကာကွယ်ပေးရမှာဖြစ်ပါတယ်။
Ref:BBC
Photo:Alamy

Related posts

Leave a Comment

VOM News

FREE
VIEW