ဇွန် ၇၊ ၂၀၂၅
Shy V (VOM)
ဖားကန့် ငြိမ်းချမ်းသာယာရွာ၊ ခွန်ဆာကုန်းအနီး ဇွန်လ ၆ ရက်ညက ပေါက်ကွဲမှုမှာ ရုပ်အလောင်း ရှစ်လောင်း ရှာဖွေတွေ့ရှိထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“နေအိမ် နှစ်အိမ် ပေါ်မှာ တည့်တည့် လက်နက်ကျည်ကျတာကြောင့် အဖွားတယောက်ရယ်၊ အဲဒီ နှစ်အိမ်က အိမ်ရှင် အမျိုးသမီး နှစ်ယောက်ရယ်၊ အဲဒီ နှစ်အိမ်က သားသမီး လေးယောက် ရယ်လည်း သေဆုံးတဲ့ ထဲမှာပါတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
အလောင်းက ရှစ်လောင်း တွေ့ရှိထားပြီး ကလေးငယ် တယောက်လည်း ပါဝင်ကာ အလောင်းတွေကတော့ ဘယ်သူ ဘယ်ဝါဆိုတာတောင် ခွဲ ရခက်အောင် လောင်ထားတယ်လို့ သူက ပြောပါတယ်။
“ဇွန်လ ၆ ရက်နေ့ ည ၉ နာရီ ကျော်ခန့်က ဒရုန်းနဲ့ ခွန်ဆာကုန်းက ယမ်းဂိုဒေါင်ကို Drop bomb ချ ဖောက်ခွဲ ခံရတာ” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
ဧရာဦး ဂိုထောင် ယမ်းတွေထားတဲ့နေရာကို Drone နဲ့ လာချတာဖြစ်ပြီး လူ ၉ ယောက်ထက်မနည်း သေဆုံးခဲ့ရကာ နေအိမ် ၁၀ အိမ်ထက်မနည်း ထိခိုက်ပျက်စီ ဆုံးရှုံးခဲ့ရတဲ့ အပြင် ပတ်ပတ်လည် ပေ ၂၀၀ ခန့် အထိ ကြေမွ သွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ မွန်းလွဲ ၁ ကျော်ခန့်က မှော်စီစာ၊ ဆောင်းချိန် အနီးမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲ ပျက်စီးမှု ပုံစံနဲ့ တူညီနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဖားကန့်မြို့နယ်မှာ ဒီရက်ပိုင်းအတွင်း ပေါက်ကွဲမှု ခပ်စိပ်စိပ် ဖြစ်လာကာ လူ ထိခိုက် သေဆုံးမှုလည်း ရှိတာဖြစ်ပါတယ်။
Video Crd# ဒေသခံ