မြောက်ကိုရီးယားမှာ အင်တာနက် ပြတ်တောက်နေ

ပြုံးယမ်း၊ ဇွန်-၇-၂၀၂၅
ရတီ(VOM)
မြောက်ကိုရီးယားမှာ ဒီကနေ့ ဇွန် ၇ ရက် မနက်ပိုင်းကစပြီး အင်တာနက် အကြီးအကျယ်ပြတ်တောက်မှု ကြုံနေရကြောင်း မြောက်ကိုရီးယားအင်တာနက်လှုပ်ရှားမှုကို စောင့်ကြည့်နေတဲ့ ဗြိတိန်အခြေစိုက် သုတေသီတယောက်က ပြောပါတယ်။
ဒါဟာ ဆိုက်ဘာတိုက်ခိုက်မှုထက် စနစ်ချို့ယွင်းချက်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားရဲ့ အဓိကသတင်းဝက်ဘ်ဆိုက်တွေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွေဟာ ဒီကနေ့ မနက်ပိုင်းမှာ ဝင်ရောက်ကြည့်ရှုလို့ မရတော့ကြောင်း ရိုက်တာသတင်းဌာနကလည်း ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားရဲ့ အင်တာနက်ဆက်သွယ်ရေးမှာ ကြီးကြီးမားမားပြတ်တောက်မှုတခု ဖြစ်ပေါ်နေပြီး တရုတ် သို့မဟုတ် ရုရှားက ဝင်ရောက်လာတဲ့ လမ်းကြောင်းအားလုံးကို ထိခိုက်နေတယ်လို့ မြောက်ကိုရီးယား အင်တာနက်စောင့်ကြည့်သူ ဗြိတိန်အခြေစိုက် သုတေသီ ဂျီနက်အလီက ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ အင်တာနက်အဆောက်အအုံတခုလုံဟာ အင်တာနက်လှုပ်ရှားမှုတွေကို စောင့်ကြည့်နိုင်တဲ့စနစ်တွေမှာ ပေါ်မလာတော့ဘူးလို့ သူကဆိုပါတယ်။ ဒါဟာ ရည်ရွယ်ချက်ရှိရှိလား မတော်တဆလားဆိုတာ ပြောရခက်ပေမယ့် သူ့စနစ်အတွင်းက ချို့ယွင်းတာဖြစ်နို်ငတယ်လို့ ပြောပါတယ်။
အင်တာနက် ပြတ်တောက်မှုနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားရဲ့ ဆိုက်ဘာလှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ တောင်ကိုရီးယား ဆိုက်ဘာအကြမ်းဖက်တုံ့ပြန်ရေးစင်တာ တာဝန်ရှိသူတွေကို ရိုက်တာသတင်းဌာနက ဆက်သွယ်ဖို့ ကြိုးစားပေမယ့် အဆက်အသွယ်မရသေးပါဘူး။
Ref:Reuters
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW