ကိဗ်ယက်၊ ဇွန်-၇-၂၀၂၅
မျိုးဆက်(VOM)
ရုရှားလေတပ်စခန်းတွေကို ယူကရိန်းက အံ့အားသင့်ဖွယ်တိုက်ခိုက်မှုပြီးနောက် ရက်ပိုင်းအကြားမှာ ရုရှားဟာ ယူကရိန်းမြို့တော် ကိဗ်ယက်နဲ့ အခြားနေရာတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အကြီးအကျယ်တိုက်ခိုက်ခဲ့ပါတယ်။
ရုရှားဟာ ခရုဇ်ဒုံးကျည်၊ ဒရုန်းရာပေါင်းများစွာနဲ့ ပစ်ခတ်ခဲ့ပြီး လူငါးယောက်သေဆုံးကာ ၈၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ခိုက်မှုတွေဟာ မြို့တော်ကိဗ်ယက်၊ မြောက်ပိုင်းရှိ ချာနီဟစ်ဗ်မြို့အပြင် အနောက်မြောက်ဘက်ရှိ လပ်စ်၊ တာနိုပေလ်မြို့တို့ကို ပစ်မှတ်ထားခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ ယူကရိန်းအစိုးရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို တုံ့ပြန်တဲ့အနေနဲ့ စစ်ဘက်ဆိုင်ရာ နေရာတွေကို ပစ်မှတ်ထားခဲ့တာလို့ ရုရှားကပြောပါတယ်။ ရုရှားအစိတ်အပိုင်းတွေနဲ့ ကရိုင်းမီးယားဒေသမှာ ယူကရိန်းဒရုန်း ၁၇၄ စင်းကို ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားဒေသအမျာအပြားမှာ မကြာသေးမီက ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေအတွက် ပူတင်က လက်တုံ့ပြန်ဖို့ လုပ်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတိပေးပြီးနောက်မှာ ဒီတိုက်ခိုက်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ရုရှားအနောက်ပိုင်း ဘရန့်စ်ဒေသနဲ့ ကာ့စ်ဒေသရှိ ရထားသံလမ်းတွေပေါ်မှာ ဗုံးသုံးလုံးပေါက်ကွဲမှုအတွက် ယူကရိန်းကို ရုရှားကစွပ်စွဲထားပြီး လူခုနှစ်ယောက်သေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။ ယူကရိန်းကတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မှတ်ချက်မပေးပါဘူး။
ယူကရိန်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရုရှားလေတပ်စခန်းလေးခုကို ဒရုန်းတွေနဲ့ အံ့အားသင့်ဖွယ်တိုက်ခိုက်ခဲ့ပြီး ရုရှားရဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် ၄၀ ကျော်ပျက်စီးခဲ့တယ်လို့ ယူကရိန်းက အခို်ငအမာဆိုထားပါတယ်။
Ref:BBC
Photo:Getty Images