ဆူးငှက် သည်ကနေ့ အသက်၂၀ကျော်အရွယ် လူငယ်လေးတွေက မန္တလေးရဲ့ အသည်းနှလုံး မူလစျေးချို အစစ်အကြောင်း မသိကြတော့ပေ။ မူလစျေးချိုအစစ်စသည်မှာ ဤသို့ဖြစ်သည်။ မန္တလေးမြို့သစ် နန်းသစ်တည်ကတည်းက ခုနှစ် ဌာနအပါအ၀င် မြို့ပြမြေယာတွင် စျေးများလည်း ပါ ရှိခဲ့သည်။ စျေးသည်တိုင်းပြည်၏ ၀မ်းစာဖြစ်သည်။ တိုင်းပြည်စီးပွားရေး၏ ပြဒါးတိုင်ဖြစ်သည်။ ထို့ကြောင့် မန္တလေးရတနာပုံ၏ ရွှေမြို့တော်တည်ဆောက်သော အခါ စျေးများကို စနစ်တကျနေရာချခဲ့သည်။ မန္တလေးအနောက်ပြင် ကျယ်၀န်းသောနေရာတွင် လက်ကားစျေးကြီးတစ်စျေးဖြစ်သော ““မလွန်စျေး”” ရှိ သည်။ ရေလမ်းခရီးဖြင့် ရောက်ရှိလာမည့် ကုန်ပစ္စည်း များအတွက် ဧရာ၀တီနှင့်လည်း နီးသည်။ ရှမ်းပြည် နယ်မှ ဆင်းလာမည့် တောင်ပေါ်ကုန်များအတွက် ရှမ်းကုန်သည်များ စတည်းချရာ ရှမ်းပွဲရပ်၊ ဒေး၀န်းရပ် နှင့်လည်း နီးသည်။ မတ္တရာနယ်တဝိုက်မှ ထွက်ရှိသော ကွမ်း၊ ကွမ်းရွက်နှင့် သစ်သီးသစ်နှံများ ၀င်ရောက်လာ ရာ ရွှေတချောင်း ရေရှင်မြောင်းနှင့်လည်း…
Read MoreDay: July 7, 2025
စားဆီစျေးကျအောင် ဒေါ်လာတွေထုတ်ရောင်းနေပေမယ့်လည်း ဆီတပိဿာ ၁၂၀၀၀ ကျပ်ကနေမကျ
ဇူလိုင် – ၇၊၂၀၂၅ GG(VOM) ပြည်ပကနေ စားသုံးဆီ တင်သွင်းသူတွေကို ဗဟိုဘဏ်က အမေရိကန်ဒေါ်လာတွေ ထုတ်ရောင်းချပေးနေပေမယ့်လည်း ပြည်တွင်းစားဆီစျေးကွက်မှာ စားအုန်းဆီစျေးကျဆင်းခြင်းမရှိသေးဘူးလို့ စျေးကွက်ကစုံစမ်း သိရှိရပါတယ်။ ဗဟိုဘဏ်က ဇူလိုင်လ ၄ ရက်နေ့ မှာ စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ သန်းကျော် ရောင်းချပေးခဲ့တာပဲ ဖြစ်ပါတယ်။ စားသုံးဆီလုပ်ငန်းရှင်တွေကို ဗဟိုဘဏ်က ထုတ်ရောင်းချပေးနေပေးနေတဲ့ ဒေါ်လာပမာဏကနည်းနေပြီး စားအုန်းဆီတင်သွင်းဖို့အတွက် လိုအပ်တဲ့အမေရိကန်ဒေါ်လာ လိုအပ်ချက်က မြင့်နေဆဲ ဖြစ်တာကြောင့် လိုအပ်တဲ့ဒေါ်လာကို ပြင်ပပေါက်စျေးနဲ့ဝယ်ယူနေရတဲ့အခြေအနေကြောင့် စားအုန်းဆီစျေးနူန်းမှာ ကျဆင်းခြင်းမရှိသေးတာဖြစ်တယ်လို့သိရပါတယ်။ ” ဗဟိုဘဏ်ကရောင်းပေးပေမယ့် လိုအပ်ချက်ကို မကာမိဘူးဖြစ်နေတော့ ဒေါ်လာလိုအပ်ချက်ကရှိနေဆဲပဲ။လိုတဲ့ဒေါ်လာကို ကျွန်တော်တို့ကအပြင်ကဝယ်ရတယ်။ လိုအပ်တဲ့ဒေါ်လာကိုသာ ဗဟိုဘဏ်ရော ပြင်ပဘဏ်တွေမှာ လိုသလိုဝယ်လို့ရနေရင် စျေးတွေလည်း ကျလာမှာပါ။ဒေါ်လာလိုအပ်ချက်မပြည့်မီသရွေ့တော့ စျေးကမြင့်နေအုံးမှာပါ။ဒီလိုမှမဟုတ်မရင် ပြည်တွင်းမှာ လုံလောက်အောင်ထုတ်ဖို့နည်းပဲရှိတယ်။” လို့ စားသုံးဆီ လုပ်ငန်းရှင်ကပြောပါတယ်။ လက်ရှိ…
Read Moreမိုးဗြဲမြို့တမြို့လုံးကို နစက ပြန်လည်ထိန်းချုပ်ပြီး နယ်မြေ ဆက်လက်ရှင်းလင်းနေ
ဇူလိုင် ၇၊၂၀၂၅ နွယ်နီ/VOM ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့ကို နစက တပ်က ဇွန်လကုန်ပိုင်းမှာ သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးဗြဲမြို့ရပ်ကွက်အားလုံးကို နစက တပ်က အပြည့်အဝ ထိန်းချုပ်လိုက်ပြီးပြီလို့ မိုးဗြဲဒေသခံ တဦးက ပြောပါတယ်။ “ရပ်ကွက်အားလုံးကို တပ်က ပြန်ရသွားပြီ။ မြို့ပတ်လည်မှာတော့ တိုက်ပွဲ ဆက်ဖြစ်နေပါတယ်။” နစက တပ်ဘက်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးမှုကြောင့် မိုးဗြဲမြို့ကို ထိန်းချုပ်ထားတဲ့ KNDF အပါအဝင် တပ်ပေါင်းစုတွေ မိုးဗြဲမြို့ကနေ ဆုတ်ခွာ သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နစက ဘက်ကလည်း KNDF ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို ခြောက်လတာ ထိုးစစ်ဆင်ပြီးနောက် သိမ်းပိုက်ရန်ကျန်တဲ့ မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်ကို ဇူလိုင် ၅ ရက်နေ့တွင် အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ ကြောင်း…
Read Moreဂါဇာအပစ်ရပ် ဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ ပြီးဆုံးပြန်
ဒိုဟာ၊ ဇူလိုင်-၇-၂၀၂၅ ရတီ(VOM) အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား အပစ်အခတ်ရပ်စဲရေးအတွက် တဆင့်ခံဆွေးနွေးပွဲဟာ သဘောတူညီချက် တစုံတရာ မရရှိဘဲ ပြီးဆုံးသွားတယ်လို့ ဆွေးနွေးပွဲနဲ့ နီးစပ်တဲ့ ပါလက်စတိုင်းတာဝန်ရှိသူတယောက် ပြောပါတယ်။ ကာတာနိုင်ငံ ဒိုဟာမှာကျင်းပခဲ့တဲ့ အဲဒီအစည်းအဝေးဟာ သုံးနာရီကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ ကာတာနဲ့ အီဂျစ်ကြားဝင်ဖြန်ဖြေသူတွေကတဆင့် နှစ်ဖက်အဆိုပြုချက်နဲ့ရှင်းလင်းချက်တွေကို အပြန်အလှန်ဖလှယ်ခဲ့ကြပေမယ့် အပစ်ရပ်ရေး တိုးတက်မှုမရှိခဲ့ပါဘူး။ ဟားမတ်စ်တို့ကတော့ နောက်ဆုံးအပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို အပြုသဘောတုံ့ပြန်ခဲ့ပေမယ့် သဘောတူညီချက်တခုအတွက် ကွဲလွဲချက်တွေရှိနေသေးတယ်လို့ ဆိုပါတယ်။ ဟားမတ်စ်တို့ဟာ အပစ်အခတ်ရပ်စဲပြီးနောက်မှာ အစ္စရေးတပ်တွေ ဆုတ်ခွာဖို့နဲ့ ရန်လိုမှုတွေအားလုံး အဆုံးသတ်ဖို့ အာမခံချက်တွေအပါအဝင် ယခင်တောင်းဆိုချက်တွေကို ဆုပ်ကိုင်ထားပုံရပါတယ်။ နေတန်ယာဟုရဲ့ အစ္စရေးအစိုးရကတော့ ဒီကိစ္စကို ပယ်ချထားပါတယ်။ ဝန်ကြီးချုပ်ကတော့ ဓါးစာခံတွေ ပြန်လွတ်ဖို့နဲ့ သေဆုံးသူတွေပြန်ရရေး၊ ဟားမတ်စ်အဖွဲ့ရဲ့ စွမ်းရည်တွေကို ဖျက်ဆီးဖို့နဲ့ ဂါဇာဟာ အစ္စရေးကို ခြိမ်းခြောက်မရှိကြောင်း သေချာစေဖို့ စတဲ့အ ချက်သုံးချက်ကို ကတိပြုထားတယ်လို့…
Read Moreသစ်ပင်စိုက်နေစဥ် ဖမ်းခံခဲ့ရတဲ့ ကျောက်ပန်းတောင်းက သစ်တောဝန်ထမ်းငါးယောက်ရဲ့ သတင်းအစအနပျောက်နေ
ဇူလိုင် – ၇၊၂၀၂၅ GG(VOM) မန္တလေးတိုင်း ၊ ကျောက်ပန်းတောင်းမြို့နယ်က သစ်တောဝန်ထမ်းသုံးယောက်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါ ငါးယောက်ကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခေါ်ဆောင်သွားပြီး အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။ လက်နက်ကိုင်အဖွဲ့ရဲ့ဖမ်းဆီးခြင်းခံရသူတွေကတော့ပုပ္ပါးတောင်ဥယျာဉ်မှ အုပ်ချုပ်ရေးမှုး ဦးတင်အုန်းကျော်နဲ့ သစ်တောဝန်ထမ်းတွေဖြစ်တဲ့ တောအုပ် ဦးကျော်နိုင်ဦး၊ တောခေါင်း ဦးရဲလင်းထက်၊ တောခေါင်း ဦးလွင်ဦး(ယာဥ်မောင်း) နဲ့ ရေနံ့သာဒင်္ဂါး သစ်ပင်စိုက်အဖွဲ့ရဲ့ တာဝန်ခံဖြစ်သူ ဦးဝေလင်းထွန်းဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။ ဇူလိုင်လ ၅ ရက်နေ့က ပုပ္ပါးတောင်၊ ရေဆူစခန်း မှာမှာပြုလုပ်ခဲ့တဲ့ မိုးရာသီသစ်ပင်စိုက်ပွဲမှာ အဆိုပါငါးယောက်ကို ဖမ်းဆီးသွားတာဖြစ်ကြောင်း ၊ ဖမ်းဆီးသွားတဲ့အဖွဲ့ကို မသိရှိရသေးသလို ဖမ်းဆီးတဲ့အဖွဲ့ဘက်ကလည်း ထုတ်ပြန်တာမျိုးမရှိသေးတာကြောင့် ဖမ်းခံရသူတွေနဲ့ပတ်သက်ပြီး ထူးခြားမှု တစုံတရာမသိရှိရသေးတာဖြစ်တယ်လို့သိရပါတယ်။ ” တခြားသူတွေရော ရှိတဲ့အထဲကနေ အဲဒီငါးယောက်ကိုပဲ ခေါ်သွားတာလို့သိရတယ်။ ဖမ်းခံရတဲ့နေကတည်းက ခုထိတော့ ဘာသတင်းမှမကြားရသေးဘူး။ဘယ်အဖွဲ့ကဖမ်းတယ်ဆိုတာလည်း တိတိကျကျမသိရသေးဘူး။ဆိုးတာက PDF တွေဘက်ကလည်း ခုထိမထုတ်ပြန်သေးတော့ အစအနပျောက်သလို ဖြစ်နေတာပေါ့။နစက…
Read More