ဂုတ်တွင်းလမ်း ယာယီ ပိတ်

ဇူလိုင် ၁၀၊ ၂၀၂၅
Shy V (VOM)
မန္တလေး – လားရှိုး လမ်းပိုက်းဖြစ်တဲ့ ဂုတ်တွင်းလမ်းကို ဒီနေ့ ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းကစ ယာယီ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ယာဉ်မောင်း တွေနဲ့ ဒေသခံ တွေဆီက သိရပါတယ်။
“ကျောက်မဲ နဲ့ နောင်ချိုကြား ဂုတ်တွင်းလမ်း ယာယီ ပိတ်ထားပါတယ်။ ဒီနေ့ ဇူလိုင်လ ၁၀ ရက်နေ့ မနက် ၇ နာရီက အဆင်းကားတွေ ပြန်လှည့်ခဲ့ ရတယ်။” လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။
ဇူလိုင်လ ၈ ရက်နေ့အထိတော့ ယင်းငူပင်ကွင်းလမ်းကနေ သွားလာလို့ ရသေးတယ်လို့ သူက ပြောပါတယ်။
ဒီရက်ပိုက်းအတွင်း မိုး အဆက်မပြတ် ရွာသန်းတာကြောင့် လမါူပျက်၊ ဗွက်ထူ နွံများပြီး ဖြတ်သန်းသွားလာရတာ ခက်ခဲတယ်လို့ ဆိုပါတယ်။
“ဂုတ်တွင်း လမ်းပိတ်ဖို့ သေချာတယ်။ စစ်တပ်က နောင်ချို ဝင်ဖို့ လုပ်နေပြီလို့ကြားတယ်။ ဇူလိုင်လ ၈ ရက်နေ့ ညနေပိုင်းက ၆၀၆ နားက ရွာ ပြန်ရသွားပြီလို့ သိရတယ်။ ၆၀၆ ပါ ရသွားရင် မြို့နဲ့ ကပ်နေပြီလေ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ကွင်းလမ်းတွေ ပေးသွားတယ်ဆိုရင်တောင် ဂုတ်တွင်းလမ်း ပိတ်သွားရင် ဘာမှထူးတော့ဘူး လို့ သူက ပြောပါတယ်။
စစ်တပ်ဘက်ကတော့ တရုတ်နဲ့ ပေါင်းပြီး ကုန်သွယ်ရေး လမ်းမ ပြန်ပွင့်အောင် လုပ်နေတယ် ထင်တယ်လို့ သူက ပြောပါတယ်။
TNLA ဘက်ကတော့ နောင်ချိုမြို့နယ်က ရေမောင်းတန်း၊ နောင်လင်၊ အုမ္မခါး၊ ကျောက်ကြမ်း၊ ကျောက်တော၊ နားမုံ၊ ကသဲမျှောင် ရွာတွေဘက်မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းထုတ်ထားပါတယ်။
ဇူလိုင်လ ၉ ရက်နေ့ ညနေပိုင်းက ပြင်ဦးလွင် – နောင်ချိုလမ်း ကျောက်ကြမ်းဘက်ရှိ TNLA တပ်ဖွဲ့ရဲ့ ကာကင်းစခန်းတွေ သိမ်းရပြီး ဇူလိုင်လ ၈ ရက်နေ့ ကလည်း နောင်ချို – တောင်ခမ်း လမ်းဘက်က နမ့်ဆောင်ဟူးဘက် သိမ်းရကြောင်း နစက တပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
Photo Crd# ဒေသခံယာဉ်မောင်း

Related posts

Leave a Comment

VOM News

FREE
VIEW