ငလျင်အပြီး သုံးလခွဲအကြာမှာ မြန်မာပြည်သူ ၆ ဒဿမ ၃ သန်း အရေးပေါ်အကူအညီ လိုအပ်နေဆဲ

နယူးယောက်၊ ဇူလိုင်-၁၅-၂၀၂၅
မျိုးဆက်(VOM)
မြန်မာနိုင်ငံမှာ အင်အားပြင်း မြေငလျင်လှုပ်ခတ်ပြီးနောက် သုံးလခွဲအကြာတွင် ပြည်သူ ၆ ဒဿမ ၃ သန်းဟာ အရေးပေါ်အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ (UNHCR) က ပြောပါတယ်။
စစ်ကိုင်း၊ မန္တလေးနဲ့ ငလျင်ဗဟိုချက်အနီးရှိ အခြေဒေသတွေမှ လူအများအပြားဟာ လက်ရှိမိုးရာသီမှာ တဲတွေနဲ့ ယာယီအမိုးအကာတွေအောက်မှာ နေထိုင်နေကြရတယ်လို့ UNHCR ဆိုပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် နေရာအချို့မှာ ထပ်မံရွှေ့ပြောင်းခဲ့ရတယ်လို့ ပြောပါတယ်။
ငလျင်ဘေးအန္တရာယ်ကနေ လွတ်မြောက်လာသူတွေအတွက် စိတ်ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုတွေ လိုအပ်ချက်တွေဟာ သိသာထင်ရှားစွာ စိုးရိမ်စရာအခြေအနေရှိတယ်လို့ UNHCR ကဆိုပါတယ်။ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် နေရပ်စွန့်ခွာသူနှစ်သန်းဟာ ငလျင်ကြောင့် ထပ်မံထိခိုက်ခံရတယ်လို့ ပြောပါတယ်။
မတ်လနှောင်းပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် လူပေါင်း ၃၇၀၀ ကျော်သေဆုံးခဲ့ပြီး ၅၁၀၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ နစကရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပြီး UNHCR ကတော့ မြန်မာနိုင်ငံအတွက် နိုင်ငံတကာ အကူအညီတွေ ဆက်လက်တောင်းခံထားပါတယ်။
ဒီအတောအတွင်း ငလျင်သင့် စစ်ကိုင်းတိုင်းထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးမှုတွေအပါအဝင် စစ်ရေးတင်းမာမှုတွေ ဆက်လက်မြင့်တက်နေပါတယ်။
Ref:NHK
Photo:UNHCR

Related posts

Leave a Comment

VOM News

FREE
VIEW