ထိုင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားတွေ သတိနဲ့သွားလာနေထိုင်ကြဖို့ အသိပေးနှိုးဆော်မှုတွေရှိနေ

ဇူလိုင် ၂၆ – ၂ဝ၂၅
KKO(VOM)
ထိုင်း-ကမ္ဘောဒီးယား အရေးကိစ္စတွေကြောင့် ထိုင်းရှိ မြန်မာရွှေ့ ပြောင်းလုပ်သားတွေအနေနဲ့ သတိနဲ့ သွားလာနေထိုင်ကြဖို့ အသိပေးနှိုး ဆော်မှုတွေရှိနေတယ်လို့ သိရပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံက နယ်စပ် အငြင်းပွားမှု ပြဿနာကြီးထွားလာရာကနေ အခုဇူလိုင် ၂၄ ရက်နေ့ကစလို့ နှစ်နိုင်ငံနယ်စပ်မှာ ပစ်ခတ်မှုတွေ စတင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲတွေဟာ ဒီကနေ့အထိ ဆက်လက်ပြင်းထန်လာနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံ နယ်စပ်တိုက်ပွဲတွေအပြင် လူမျိုး ရေးမုန်းတီးမှုနဲ့ ပဋိပက္ခအသွင်ဆောင်တဲ့ ကိစ္စရပ်တွေအချို့ပါ ထိုင်းနိုင်ငံအတွင်းမှာဖြစ်ပေါ်လာလို့ ထိုင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အစစအရာရာ ဂရုပြုနေထိုင်လုပ်ကိုင်ကြဖို့လည်း အသိ ပေးနှိုးဆော်မှုတွေရှိနေတာပါ။
“ဒီလိုပဲသတိနဲ့သွားလာနေထိုင်ရတာပါပဲ။မြန်မာဆိုရင်နေလို့ရတယ်။ထိုင်းဘက်ကဘာမှ မပြောဘူး။ကမ္ဘောဒီးယားဆိုတာနဲ့ နှင်ထုတ်ကြတယ်။လုံးဝမရဘူး။ မြန်မာတွေကိုတော့ ဘာမှရန်ရှာတာမျိုး ဒုက္ခပေးတာမျိုးတော့မရှိပါဘူး။ သူတို့နှင်ထုတ်နေကြပေမယ့် ကမ္ဘောဒီးယားလူမျိုးတွေ အခုထိုင်းမှာအများကြီးရှိသေးတယ်။ ဘာတွေဆက်ဖြစ်မယ်မသိဘူး။ စိတ်ညစ်စရာတော့ကောင်းပါတယ်”လို့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတယောက်က VOM ကို ပြောပါတယ်။
ဒီလိုအရေးကိစ္စရပ်တွေအပြင် မြန်မာ‌‌ရွှေ့ ပြောင်းလုပ်သားအချို့ကို ကမ္ဘောဒီးယားလူမျိုးတွေနဲ့ မှားကာ ထိုင်းလူမျိုး မျိုးချစ်အစွန်း ရောက်တွေက ရိုက်နှက်ထိုးကြိတ်တဲ့ ဖြစ်စဉ်တွေလည်းရှိနေတယ်လို့ ထိုင်းရှိ မြန်မာရွှေ့ပြောင်းအလုပ် သမားအရေးကို ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
“ကရင် လို့ ပြန်ဖြေတာကို ခမင် (ကမ္ဘောဒီးယား) လို့ ကြားပြီး မြန်မာလုပ်သားကရင်တိုင်းရင်းသားတယောက်ကို ထိုင်းလူမျိုးအချို့ဝင်ရိုက်လို့ ဦးခေါင်း ၅ ချက်ချုပ်လိုက်ရတယ်။ စာမွတ်ဆာခွန်ခရိုင် အုန်းနွဲ့ အုန်းရိုင်နယ်မြေမှာရှိတဲ့ စျေးတခုအတွင်းမှာ ဖြစ်သွားတာပါ”လို့ ထိုင်းရောက် မြန်မာ‌ရွှေ့ ပြောင်းလုပ်သားအရေးကို ကူညီဆောင်ရွက်နေသူတယောက်က ပြောပြပါတယ်။
လက်ရှိထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေပြီးရင် ကမ္ဘောဒီးယားလုပ်သားတွေအများဆုံးရှိနေတာဖြစ်တယ်လို့လည်း ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေက ပြောပါတယ်။
“သူတို့ မေးရင် ခွန်ဖမာ့ လို့ ရှင်းရှင်းလင်းလင်းဖြေပါ။ ကရင် တို့ မွန် တို့ မလုပ်ကြပါနဲ့ ခွန်ဖမာ့ (မြန်မာ)လို့ ဖြေတဲ့သူတွေကို ဘာမှမလုပ်ပါဘူး။ ထိုင်းရောက်မြန်မာတွေ အထူးသတိထားနေထိုင်ကြပါ။းဒီလိုလုပ်ရပ်တွေ ကျူးလွန်နေတဲ့ ထိုင်းလူမျိုးအစွန်းရောက်အချို့ကိုလည်း ကန့်ကွက်ပါတယ်”လို့ သူက ဆက်ပြီး ပြောပြခဲ့ပါတယ်။
ဒါအပြင် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကလည်း ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေအတွက် အသိပေးကြေညာချက်တရပ်ကို ဇူလိုင် ၂၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်ဒေသတွေကို ခရီးသွားလာခြင်းကို ရှောင် ရှားကြဖို့ နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအကြား မလို လားအပ်တဲ့ ဖြစ်ရပ်တွေ ဖြစ်ပေါ်ခြင်းမရှိစေဖို့ မိမိတို့ရဲ့လုံခြုံရေးကို သတိပြုကြဖို့ အသိပေးနှိုးဆော်ထားပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံတို့ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သလို နှစ်နိုင်ငံပြဿ နာကို ငြိမ်း ချမ်းစွာဖြေရှင်းကြဖို့ အာဆီယံနိုင်ငံတချို့က တိုက်တွန်းထားကြပါတယ်။
နယ်စပ်အရေးကိစ္စရပ်တွေဖြစ်‌ပေါ်ပြီးနောက် က​မ္ဘောဒီးယားဝန်ကြီး ချုပ် ဟွန်မာနက်ကလည်း ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ သူ့နိုင်ငံသားတွေ နေရပ်ကို ပြန်ချင်ရင် ပြန်လာနိုင်တယ်လို့ ပြောဆိုထားပြီး နှစ်နိုင်ငံ နယ်စပ်ကနေတဆင့် လူတွေ ထောင်နဲ့ချီပြီး ပြန်နေကြတယ်လို့ ဒေသတွင်းသတင်းဌာနတွေက ရေး သားဖော်ပြထားပါတယ်။
နိုင်ငံတကာသတင်းတွေအရ ကမ္ဘောဒီးယားရဲ့ ပစ်ခတ်မှုကြောင့် လက်ရှိအချိန်အထိ ထိုင်းနိုင်ငံဘက်က ၁၅ ယောက် သေဆုံးခဲ့တယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ထားသလို ထိုင်းပြည်သူ ၁ သိန်းကျော် စစ်‌ ဘေးရှောင်နေရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာဖော်ပြထားပါတယ်။
ဒါအပြင် ထိုင်းဘက်ကလည်းက သူတို့နယ်စပ်ဂိတ် ၅ ခုကိုလုံးဝပိတ်ထားတယ်လို့ ဆိုပါတယ်။
“ကိုယ့်နိုင်ငံမှာ စစ်ဖြစ်လို့ ဒီဘက်နိုင်ငံကိုလာပါတယ်ဆိုမှ ဒီဘက်မှာပါစစ်ထပ်ဖြစ်မယ်ဆိုတော့ ပြေးစရာမြေမရှိတော့ဘူး”လို့ ထိုင်းရောက် မြန်မာနိုင်ငံသားတယောက်က သူရဲ့ ခံစားချက်ကိုပြောပြပါတယ်။
ကမ္ဘောဒီးယားနဲ့ နယ်စပ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ စစ်ပွဲဖြစ်ဖို့ထိ ဦးတည်သွားနိုင်ကြောင်း ထိုင်းအစိုးရက ဇူလိုင် ၂၅ ရက်နေ့မှာ သတိပေးလိုက်ပြီး နှစ်ဖက်အကြား တိုက်ခိုက်မှုတွေဟာ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW