နမ့်ဖတ်ကာ အနီးက သတ္တုတွင်း တခုမှာ အမျိုးသားနှစ်ယောက် အောက်စီဂျင် ပြတ်ပြီးသေဆုံး

ဇူလိုင် ၂၅၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဖတ်ကာရွာ အနီးက သတ္တုတွင်း တခုမှာ အလုပ်လုပ်နေတဲ့ အမျိုးသား နှစ်ယောက် ဇူလိုင်လ ၂၃ ရက်နေ့ညက အောက်စီဂျင် ပြတ်ပြီးသေဆုံး သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“နမ့်ဖတ်ကာ ဟန်ကိုင် ဂျေလဲန့်က သတ္တုတွင်း အထဲ ဝင်တာ အောက်ဆီဂျင်ပြတ်ပြီး သေသွားတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ဇူလိုင်လ ၂၃ ရက်နေ့ညက ဖြစ်ပွားခဲ့တာဖြစ်ပြီး ကချင်ကောင်လေး တယောက်နဲ့ ရှမ်းကောင်လေး တယောက် ဟုတ်တယ်လို့ သူက ပြောပါတယ်။
“သတ္တုတူးတဲ့ တွင်းထဲမှ အလုပ်လုပ်နေရင်း လူ နှစ်ယောက် ဆုံးသွားတာ။” လို့ နောက်ထပ် ဒေသခံ တ‌ယောက်က ပြောပါတယ်။
သေဆုံးသွားသူတွေက အသက် ၃၇ နှစ်အရွယ် ဦးဆိုင်းလီ နဲ့ အသက် ၃၁ နှစ်အရွယ် ဦးအိုက်မောင်ထွန်း ဖြစ်ဝယ်လို့ ဆိုပါတယ်။
သတ္တု တွင်းအထဲ နက်နက် ဝင်ရမယ်ဆိုရင် အောက်စီဂျင်ဘူး နဲ့ ဝင်သင့်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo Crd # ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW