ဇူလိုင် ၂၉၊ ၂၀၂၅
Shy V (VOM)
“သိန္နီဘက်က MNDAA နဲ့ သူတို့ ဝန်ထမ်းတွေကို ပစ္စည်း သိမ်းခိုင်းတော့မယ်လို့ ကြားနေတယ်။” လို့ ဒေသခံ လူငယ် တယောက်က ပြောပါတယ်။
မြို့ပေါ်မှာ ဘာမှ လှုပ်ရှားတာမျိုးတော့ မတွေ့ရသေးပေမယ့် ဟိုပိတ်ဘက်က သိန်းရာချီတဲ့ ဆောက်လုပ်ရေး စီမံကိန်းကတော့ ရပ်ခိုင်းလိုက်ေကြာင်း ကြားရတယ်လို့ဆိုပါတယ်။
“ကွတ်ခိုင် ဘက်မှာ ရှိတဲ့ MNDAA တပ်ဖွဲ့တွေက ကွတ်ခိုင် ကနေ တာမိုးညဲဘက် ပစ္စည်းတွေ နည်းနည်းချင်း သယ်ရွှေ့နေပြီလို့ ကြားနေတယ်” လို့ နောက်ထပ် ဒေသခံ တယောက်ကပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ကစ ပစ္စည်းတွေ သယ်ရွှေ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ စစ်ရေး အခြေအနေကို လေ့လာ စောင့်ကြည့် နေတဲ့ အမျိုးသား တယေက်ကတော့ “သိန္နီမှာ အခု ဇူလ်ုင်လ ပထမ အပတ် ကတည်းက နည်းနည်းချင်း သယ်နေကြပါပြီ” လို့ ပြောပါတယ်။
လားရှိုး ပြန်ပေးတုန်းကလည်း ပစ္စည်းတွေကို အဲဒီလို သယ်ယူတယ်လို့ သူက ပြောပါတယ်။
ဒေသခံတွေကတော အမှန်တကယ် ပြန်ပေးချင်တာမျိုး မဟုတ်ပေမယ့် တရုတ်ရဲ့ ဖိအားကြောင့် ပြန်ပေးရမယ့် အခြေအနေမျိုးတော့ တွေ့ရပြီး MNDAA နဲ့ နီးစပ်သူတွေရဲ့ စကား အသွားအလာအရ လာမယ့် ၈ ပိုင်းမှာ အပြောင်းအလဲ ရှိလာနိုင်ပြီး ဘယ်လို ဖြစ်လာမလဲ ဆိုတာတော့ မသိဘူး လို့ သုံးသပ်ပြောဆို နေကြပါတယ်။
နစက တပ်ဖွဲ့နဲ့ နီးစပ်သူတွေကတော့ ၂၀၀၈ အခြေခံ ဥ ပဒေအတိုင်းသာ အတည် ဖြစ်ပြီး ညှိနှိုင်းအဆင်မပြေရင် နစက တပ်ဖွဲ့ဘက်က ထိုးစသ်ဆင်ဖို့ ပြင်ဆင်ထားကြောင်း ပြောပါတယ်။
သိန္နီမြို့ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
Photo Crd# ဒေသခံ
